လူကာကူကို ဝိန်းရွန်နီနှင့် အလိုက်ပေးကမ်းလှမ်းရန် နည်းပြမော်ရင်ဟိုဆန္ဒရှိနေ

လူကာကူကို ဝိန်းရွန်နီနှင့် အလိုက်ပေးကမ်းလှမ်းရန် နည်းပြမော်ရင်ဟိုဆန္ဒရှိနေ

မေ ၁၃၊ မန်ချက်စတာ။            ။ မန်ချက်စတာယူနိုက်တက်နည်းပြမော်ရင်ဟိုသည် အဲဗာတန်တိုက်စစ်မှူးလူကာကူကို နွေရာသီအပြောင်းအရွှေ့ အဓိက ပစ်မှတ်အဖြစ်ခေါ်ယူရန်ရှိနေပြီး ကမ်းလှမ်းမှုအစိတ်အပိုင်းတစ်ရက်အဖြစ် ဝိန်းရွန်နီကိုအသုံးပြုဖွယ်ရှိနေသည်။

ယူနိုက်တက်ကဲ့သို့ပင် ချယ်လ်ဆီးအသင်းကလည်းအလိုရှိနေသည့် လက်ရှိရာသီပရီးမီးယားလိဂ်ဂိုးအများဆုံးတိုက်စစ်မှူး လူကာကူအတွက် အဲဗာတန်အသင်းက ပေါင်သန်း ၁၀၀ တောင်းနေသည်။

သို့သော် ယူနိုက်တက်က ယင်းပမာဏထက်နည်းပါးစွာပေးလိုပြီး စာချုပ်တွင် ဂူဒီဆင်ပါ့ခ်သို့ ရွန်နီကိုပြန်ခေါ်နိုင်သည်ဆိုသော အချက်ကို ထည့်သွင်းကမ်းလှမ်းဖွယ်ရှိသည်။

ရွန်နီ၏တန်ဖိုးကို ယူနိုက်တက်က ပေါင် ၁၇ သန်းသတ်မှတ်ထားသည်။ သို့သော် အသက် ၃၁ နှစ်အရွယ် ရွန်နီသည် နောက်ဆုံး နှစ်နှစ်အတွင်းရနေသည့် တစ်ပတ်ပေါင် ၂၅၀,၀၀၀ လစာကို ကာမိစေရန် တောင်းဆိုသွားဖွယ်ရှိနေသည်။

ငယ်စဉ်က ကစားခဲ့သည့် အဲဗာတန်သို့ပြန်ပြောင်းလာပါက တစ်ပတ်ပေါင် တစ်သိန်းသို့လျှော့ယူဖွယ်ရှိသော ရွန်နီ၏ ပြောင်းရွှေ့ကြေးကို အဲဗာတန်အသင်းက ပေါင် ၁၀ သန်းထက်ပိုပေးရန် ဆန္ဒမရှိဖြစ်နေသည်။

မော်ရင်ဟိုသည် နွေရာသီတွင် တိုက်စစ်မှူးနှစ်ဦးခေါ်ယူချင်နေပြီး အဲဗာတန်နှင့်စာချုပ်သစ်ချုပ်ရန် ငြင်းထားသည့် လူကာကူနှင့် အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းတို့ဖြစ်သည်။ အခြားပစ်မှတ်တစ်ဦးမှာလည်း ရီးယဲလ်မက်ဒရစ်မှ ဟာမီးစ် ရိုဒရီဂွက်ဇ် ဖြစ်သည်၏ ကစားသမား၏ဇာတိ ကိုလံဘီယာတွင် သတင်းထွက်နေသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly