ဓါးရှည်ကိုင်ပြီး ဆိုင်ကယ်စီးလာသူနှစ်ဦးကို ဖမ်းဆီးရာမှ ရဲတပ်ဖွဲ့ဝင်များအား ဓါးဖြင့်ခုတ်မှု ဖြစ်ပွား

ဓါးရှည်ကိုင်ပြီး ဆိုင်ကယ်စီးလာသူနှစ်ဦးကို ဖမ်းဆီးရာမှ ရဲတပ်ဖွဲ့ဝင်များအား ဓါးဖြင့်ခုတ်မှု ဖြစ်ပွား
ဓာတ်ပုံ - မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့

ရန်ကုန်၊ မေလ ၁၂ ။           ။ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် ဓါးရှည်တစ်ချောင်းကိုင်ဆောင်ပြီး ဆိုင်ကယ်စီးလာသည့် လူနှစ်ဦးအား လှည့်ကင်းရဲတပ်ဖွဲ့ဝင်များက မသင်္ကာ၍စစ်ဆေးရာ ယင်းနှစ်ဦးက ဓါးဖြင့်ခုတ်သဖြင့် ရဲတပ်ဖွဲ့ဝင် များ ဒဏ်ရာရရှိခဲ့ပြီး လုံးထွေးဖမ်းဆီးခဲ့ရကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မေလ ၁၁ ရက်နေ့၊ ည ၁ဝ နာရီခန့်တွင် ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃) နယ်မြေရဲစခန်းမှ လှည်း ကင်းတာဝန်ထမ်းဆောင်နေစဉ် ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ၆၂ လမ်းတွင် ဓားရှည်တစ်ချောင်းကိုင်ဆောင်ပြီး ဆိုင်ကယ်မောင်းနှင်သူ နှစ်ဦးကို တွေ့ရှိခဲ့သဖြင့် မသင်္ကာ၍ တားမြစ်စစ်ဆေးရာ အဆိုပါဆိုင်ကယ်စီးလာသည့် နှစ်ဦးက မောင်းပြေးသွားခြင်းဖြစ်သည်။

အဆိုပါ ဆိုင်ကယ်ဖြင့် မောင်းပြေးသွားသူနှစ်ဦးကို လှည့်ကင်းရဲတပ်ဖွဲ့က လိုက်လံပိတ်ဆို့ဖမ်းဆီးခဲ့ရာ လမ်း ကြားကွေ့တစ်ခုရောက်စဉ် ဆိုင်ကယ်နောက်တွင် လိုက်ပါသူက ဓါးဖြင့်ခုတ်သဖြင့် ရဲတပ်ဖွဲ့ဝင်များ ဒဏ်ရာ ရရှိခဲ့ပြီး ကျန်ရှိသည့် ရဲတပ်ဖွဲ့ဝင်များက လုံးထွေးဖမ်းဆီးခဲ့ရကြောင်း သိရသည်။

ယင်းသို့ ဓါးရှည်ကိုင်ဆောင်ပြီး ရဲတပ်ဖွဲ့ဝင်များကို ပြန်လည်ခုခံသူ နှစ်ဦးမှာ မဟာအောင်မြေမြို့နယ်၊ စိန်ပန်း ရပ်ကွက်တွင်နေထိုင်သည့် အသက် ၁၈ နှစ်အရွယ် ထက်ဝေယံ(ခ) ဝေယံနှင့် အသက် ၂၄ နှစ်အရွယ် ဝေယံထက်(ခ)ကတုံးတို့ဖြစ်ပြီး အဆိုပါနှစ်ဦးကို မန္တလေးတိုင်းဒေသကြီး၊ အမှတ် (၃) နယ်မြေရဲစခန်းတွင် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly