ကွန်တီကို တစ်နှစ်လစာငွေပေါင် ၁၂.၅ သန်းဖြင့် အီတလီသို့ပြန်ခေါ်ရန် အင်တာမီလန်အသင်း ပြင်ဆင်နေ

ကွန်တီကို တစ်နှစ်လစာငွေပေါင် ၁၂.၅ သန်းဖြင့် အီတလီသို့ပြန်ခေါ်ရန် အင်တာမီလန်အသင်း ပြင်ဆင်နေ

မေ ၁၂၊ အင်္ဂလန် ။           ။ စီးရီးအေထိပ်သီးကလပ်အသင်းတစ်သင်းဖြစ်သည့် အင်တာမီလန်အသင်းသည် ချယ်လ်ဆီးနည်းပြကွန်တီကို တစ်နှစ်လစာငွေ ပေါင် ၁၂.၅ သန်းဖြင့် အီတလီသို့ ပြန်ခေါ်ရန် ပြင်ဆင်လျက်ရှိသည်။

အင်တာအသင်းမှာ မော်ရင်ဟိုထွက်ခွာသွားပြီးသည့်နောက် ရလဒ်များကျဆင်းခဲ့ရပြီး ယခုနှစ်တွင်လည်း နည်းပြအပြောင်းအလဲ သုံးကြိမ်ပြုလုပ်ခဲ့ရသည်။ လက်ရှိတွင်လည်း ၇ ပွဲဆက်တိုက် နိုင်ပွဲပျောက်ပြီး စီးရီးအေတွင် ရလဒ်ဆိုးနေခြင်းကြောင့် နည်းပြပီအိုလီကို ရာထူးမှ ထုတ်ပယ်ထားသည်။

အင်တာမီလန်အသင်းသည် စီးရီးအေတွင် ချန်ပီယံဆုကို ပြန်လည်စိန်ခေါ်နိုင်ရန် ကွန်တီကို ခေါ်ယူလိုနေခြင်းဖြစ်သည်။

အင်တာမီလန်အသင်းမှာ ကွန်တီကို ဆွဲဆောင်နိုင်ရန် ဂျီနိုအာ၊ ဂျူဗင်တပ်စ်နှင့်အီတလီအသင်းတို့တွင် ကွန်တီ တာဝန်ထမ်းဆောင်ခဲ့စဉ်က လက်တွဲဖော်ဟောင်းများကို ခေါ်ယူရန်လည်း ကြိုးပမ်းလျက်ရှိသည်။

ဂျူဗင်တပ်စ်နှင့်အီတလီနည်းပြဟောင်းကွန်တီသည် ချယ်လ်ဆီးအသင်းတွင် ပထမဆုံးရာသီ၌ပင် ပရီးမီးယားလိဂ်ဖလားနှင့် အက်ဖ်အေဖလားများရရှိရန် နီးစပ်လျက်ရှိသည်။

ကွန်တီသည် လက်ရှိတွင် ချယ်လ်ဆီးအသင်းနှင့် ၂ နှစ်စာချုပ်သက်တမ်းကျန်ရှိနေသေးပြီး တစ်နှစ်လစာငွေ ပေါင် ၆.၅ သန်း ရရှိနေသည်။

ချယ်လ်ဆီးအသင်းကလည်း ကွန်တီကို ဆက်လက်ထိန်းသိမ်းထားရန် အလိုရှိနေပြီး အသင်းပိုင်ရှင်မိုဗစ်မှာ ကစားသမားအပြောင်းအရွှေ့ကိစ္စများကို ကွန်တီစိတ်တိုင်းကျ ပြုလုပ်စေမည်ဟု သတင်းများထွက်ပေါ်နေသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly