မသန်စွမ်းများကို မီဒီယာတွင် တင်ပြရာမှာ၌ သနားစရာနှင့် ဟာသပုံစံမျိုးများ မပြုလုပ်စေချင်

မသန်စွမ်းများကို မီဒီယာတွင် တင်ပြရာမှာ၌ သနားစရာနှင့် ဟာသပုံစံမျိုးများ မပြုလုပ်စေချင်

ရန်ကုန် မေ ၁၁ ။            ။ မသန်စွမ်းများကို မီဒီယာတွင် တင်ပြရာမှာ၌ သနားစရာနှင့် ဟာသပုံစံမျိုးများ မပြုလုပ်စေချင်ကြောင်း မသန်စွမ်းရှေ့ဆောင်ဥက္ကဋ္ဌ ဦးနေလင်းစိုးက ဆိုသည်။

မသန်စွမ်းသူများ အကျုံးဝင်ရွေးကောက်ပွဲနှင့် သတင်းအချက်အလက်ထုတ်ပြန်ခြင်းဆိုင်ရာ မီဒီယာလမ်းညွန်သင်တန်း၌ ယနေ့ မေ၁၁ရက် တွင် ပြောကြားခဲ့သည်။

"သနားစရာအနေနဲ့ တင်ပြတဲ့ဟာမျိုးတွေ မဖြစ်ပေါ်စေချင်ဘူး လူရွင်တော်တွေကလည်း ဟာသမှာ ဟားစရာအနေနဲ့ လုပ်ကြတယ် မသန်စွမ်းကိုနည်းလမ်းမမှန်ပဲနဲ့ သရုပ်ဆောင်တဲ့အခါကျတော့ သူများရယ်ရရင်ပြီးရော ဟားပလိုက်တာ ပိုလီယို၊ စီပီ၊ မျက်မမြင် အဲ့လိုပဲ ဟားပလိုက်တာ သနားစရာနဲ့ ဟားစရာရှူ့ထောင့်ကနေ တင်ပြတာမဟုတ်ပဲနဲ့ တကယ့်ကို သူတို့အခွင့်အရေးနဲ့ ဂုဏ်သိက္ခာကို လေးစားပြီးတော့မှ တင်ပြတဲ့ပုံစံမျိုးတွေဖြစ်ဖို့ အဲ့တာမျိုးတွေ အများကြီးဖြစ်ပေါ်စေချင်သေးတယ်"ဟု ဦးနေလင်းစိုးက ဆိုသည်။

သို့သော်လည်း ယခု ဆယ်စုနှစ်နောက်ပိုင်းတွင် အခွင့်အရေးအခြေပြုရေးသားချက်များ အားကောင်းလာကြောင်း အသုံးအနူန်းအခေါ်အဝေါ်များလည်း ပြောင်းလည်းသွားကြောင်း သူက ဆက်ပြောသည်။ ယင်းသင်တန်းကို မသန်စွမ်းရှေ့ဆောင်အဖွဲ့က ဦးဆောင်ပြီးရန်ကုန်မြို့ Micasa ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံမှာမသန်စွမ်းသူများ ၄.၆ရာခိုင်နူန်း တစ်နည်းအားဖြင့် ၂.၃သန်းရှိနေပြီး  အသက်၁၈နှစ်အထက် မသန်စွမ်းများသည် ၁.၅သန်း ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly