ရာသီဥတုပူ၍ ဘိုးဘွားရိပ်သာမှ သက်ကြီးရွယ်အိုများအား အထူးဂရုစိုက်နေရ

ရာသီဥတုပူ၍ ဘိုးဘွားရိပ်သာမှ သက်ကြီးရွယ်အိုများအား အထူးဂရုစိုက်နေရ

မုံရွာ၊ မေ ၈။      ။ ယခုနှစ်နွေရာသီတွင် အပူလွန်ကဲလှသဖြင့် မုံရွာမြို့ ဘိုးဘွားရိပ်သာမှ သက်ကြီးရွယ်အိုများအား ကျန်းမာရေးအတွက် အထူးဂရုစိုက်နေရကြောင်း ဘိုးဘွားရိပ်သာ အုပ်ချုပ်ရေးမှူး ဦးတင်ကိုက ပြောသည်။

နေ့လည် ၁၀ နာရီခွဲမှ ညနေ ၅ နာရီအချိန်ကြားတွင် အပြင်မထွက်ကြရန်နှင့် နေ့ခင်းတွင် သစ်ပင်ရိပ်များအောက်တွင်သာ နေထိုင်ကြရန် နေ့စဉ်နှိုးဆော်နေရကြောင်း သိရသည်။

"ရေချိုးမှားမှာစိုးလို့ မနက် ၁၀ နာရီမတိုင်ခင် ရေချိုးခိုင်းထားရတယ်။ နေ့လည်နေ့ခင်းကိုလည်း အပြင်ထွက်ခွင့်မပြုဘူး။ အရင်ကဆို အုပ်ချုပ်ရေးမှူးလက်မှတ်နဲ့ အပြင်ခဏ ထွက်တာမျိုးတွေခွင့်ပြုတယ်။ ခု အရမ်းပူလို့ အပြင်မထွက်ခိုင်းတာ။ ကျန်တာကတော့ လွတ်လွတ်လပ်လပ်ပဲ နေခိုင်းထားတယ်" ဟု ဘိုးဘွားရိပ်သာအုပ်ချုပ်ရေးမှူး ဦးတင်ကိုက ပြောသည်။

ထို့ပြင် ရာသီဥတုကြောင့် နေ့ခင်း ဘုရားဝတ်ပြုချိန်ကိုလည်း လျှော့ထားကြောင်း သိရသည်။

ဘိုးဘွားရိပ်သာတွင်မုံရွာမြို့ဝန်းကျင်မှ သက်ကြီးရွယ်အို အဘိုးအဘွား စုစုပေါင်း ၁၀၂ ဦးရှိပြီး အသက် ၆၅ နှစ်မှ ၁၀၂ နှစ် အရွယ်ထိရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly