နာဂဒေသရှိ ကိုယ်ဝန်ဆောင်မိခင်များကို ထောက်ပ့ံနိုင်ရန် စာရင်းကောက်ယူ

နာဂဒေသရှိ ကိုယ်ဝန်ဆောင်မိခင်များကို ထောက်ပ့ံနိုင်ရန် စာရင်းကောက်ယူ

မုံရွာ၊ မေ ၈ ။              ။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကိုယ်ဝန်ဆောင်မိခင်များကို ထောက်ပံ့နိုင်ရန် စာရင်းကောက်ယူနေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ သိရသည်။

ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးသော၂နှစ်အောက်အရွယ် ကလေးများအား လစဉ်ထောက်ပံ့နိုင်ရန်အတွက် စာရင်းကောက်ယူနေခြင်းဖြစ်ကြောင်း သိရသည်။

"လူမှုဝန်ထမ်းဦးစီးဌာနရဲ့ မဟာဗျူဟာစီမံကိန်းအရ ထောက်ပံ့ကူညီဖို့ကြိုးစားခဲ့တာပါ။ စစ်ကိုင်းတိုင်းဒေသကြီးမှာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပဲ ပါဝင်ပါတယ်။ ဒါ့ကြောင့် နာဂဒေသမှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကို စာရင်းကောက်ယူနေပါပြီ။" ဟု လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သိန်းက ပြောသည်။

ယင်းအပြင် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ဘက်စုံလူမှုကာကွယ်စောင့်ရှောက်ရေးတွင်လည်း ကလေးသူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ စတင်လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။

လူမှုဝန်ထမ်းဦးစီးဌာနမှ အသက် ၉၀ နှင့်အထက် သက်ကြီးရွယ်အိုများကိုလည်း လူမှုရေးပင်စင်အဖြစ် လစဉ်တစ်သောင်းကျပ်အား သုံးလတစ်ကြိမ် ပေးအပ်ထောက်ပံ့သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly