လန်ဒန် စိန့်မေရီဆေးရုံသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်လေ့လာ

လန်ဒန် စိန့်မေရီဆေးရုံသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်လေ့လာ
ဓာတ်ပုံ- MOI 

ဗြိတိန်နိုင်ငံ လန်ဒန်မြို့သို့ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မေ ၅ရက် ညနေက လန်ဒန်မြို့ စိန့်မေရီဆေးရုံသို့ သွားရောက်လေ့လာခဲ့ကြောင်း   နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြထားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အဖွဲ့သည် ဆေးရုံအတွင်း သင်ကြားရေးအထောက်အကူပြု ခေတ်မီပစ္စည်း ကရိယာများ အသုံးပြုပြီး ဆေးကုသ သရုပ်ပြနေမှုများကို လေ့လာခဲ့သည်။

အဆိုပါ ဆေးရုံသည် မြန်မာနိုင်ငံဆေးပညာသင်ကြားမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းကူညီထောက် ပံ့ပေးနေသည့် ဆေးပညာဘာသာရပ်ဆိုင်ရာ သင်ကြားရေးဆေးရုံ ဖြစ်ကြောင်းလည်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly