ဘူးသီးတောင်မြို့နယ် ဖွံ့ဖြိုးရေးအတွက် ငွေကျပ် သိန်း ၂၃၀၀ကျော် သုံးမည်ဟုဆို

ဘူးသီးတောင်မြို့နယ် ဖွံ့ဖြိုးရေးအတွက် ငွေကျပ် သိန်း ၂၃၀၀ကျော် သုံးမည်ဟုဆို
(ဓာတ်ပုံ_MOI)

ရခိုင်ပြည်နယ် မောင်တောခရိုင် ဘူးသီးတောင်မြို့တွင် မြို့သာယာရေး နှင့် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များအတွက် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်း လုပ်ငန်းများသုံးစွဲမှု အနေဖြင့် ငွေကျပ်သိန်း ပေါင်း ၂၃ဝဝ ကျော်သုံးမည်ဟု မေ ၇ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

လက်ရှိတွင် မြို့နယ် စည်ပင်သာယာအဖွဲ့ပိုင်ငွေဖြင့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် လုပ်ငန်းပေါင်း ၂၃ခုကို အကောင်အထည်ဖော်ရန် လျာထားထားသည်ဟု ဆိုသော်လည်း ပြည်နယ်အစိုးရကမူ ဘတ်ဂျက်ငွေ ချမပေးသေးသည့်အတွက် လုပ်ငန်းမည်မျှ အကောင်အထည်ဖော်နိုင်မည်ကိုမူ မသိရသေးကြောင်း ဘူးသီးတောင်မြို့ စည်ပင်သာယာရေးအဖွဲ့မှ ဦးခင်မောင်သန်း(ဦးစီးအရာရှိ)က ပြောကြားထားမှုကို ကိုးကားကာ နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly