ပြည်​မြို့ ပင်​လုံညီလာခံ​ထောက်​ခံပွဲ NLD နာယက ဦးတင်​ဦး တက်​​ရောက်​ပြီးငြိမ်​းချမ်​း​ရေး ဂုဏ်ပြုစကား​ပြောကြား

ပြည်​မြို့ ပင်​လုံညီလာခံ​ထောက်​ခံပွဲ NLD နာယက ဦးတင်​ဦး တက်​​ရောက်​ပြီးငြိမ်​းချမ်​း​ရေး ဂုဏ်ပြုစကား​ပြောကြား

ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တွင် မေလ ၇ရက်က ပြုလုပ်သော ၂၁ ရာစုပင်လုံညီလာခံ ထောက်ခံပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦးတက်ရောက်၍ ငြိမ်းချမ်းရေး ဂုဏ်ပြုစကားပြောကြားပေးခဲ့သည်။

“အခြားအခြားသော ဘာသာရေးအဖွဲ့အစည်းများနဲ့ အခြားအခြားသော စီးပွားရေးအဖွဲ့အစည်းများ ကိုယ်စားလှယ်များအားလုံး၊ အခြားအခြားသော လူမှုရေးအဖွဲ့အစည်းလုပ်နေကြတဲ့ NGO ၊ INGO စသဖြင့် ပုဂ္ဂိုလ်တွေနဲ့ကော ဦးတည်ပြီးလုပ်လာတဲ့ ကိစ္စတွေအားလုံးဆောင်ရွက်ရင်း လာမယ့် မေလ ၂၁ ရက်နေ့မှာတော့ဖြင့် ယခင်အချိန်ထက်ပိုမိုပြီးတော့ ပွင့်လင်းမြင်သာတဲ့ ငြိမ်းချမ်းရေးကို ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦးကပြောသည်။

ထိုနေ့ နံနက် ၉နာရီခွဲအချိန်က ပြည်မြို့၊ ယဉ်ကျေးမှု ပြဇာတ်ရုံတွင် ၂၁ ရာစုပင်လုံညီလာခံ ထောက်ခံပွဲ အခမ်းအနား ကျင်းပခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦး၊ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးဝင်းသိန်း၊ NLD ပဲခူးတိုင်းဒေသကြီးဥက္ကဋ္ဌ ဦးသိန်းတန် အပါအဝင် ခရိုင်နှင့် မြို့နယ် NLD ဥက္ကဌများ တက်ရောက်ခဲ့ကြသည်။

ထို့ပြင် ဦးတင်ဦးက ငြိမ်းချမ်းရေးအတွက် စည်းလုံးညီညွတ်သော အဖွဲ့အစည်းတစ်ရပ်ပေါ်ပေါက်လာရေး ဝိုင်းဝန်းဆောင်ရွက်ကြရန်လည်း တိုက်တွန်းခဲ့သည်။

“ခြောက်လ တစ်ကြိမ်ပြုလုပ်မယ်ဆိုတဲ့ ငြိမ်းချမ်းရေးကို ကြိုးပမ်းတဲ့အခါမှာ တစ်ချို့ကိစ္စတွေမှာ အခက်အခဲရှိတာတွေ ကျန်တဲ့အဖွဲ့အစည်းတွေထဲကလည်းပဲ သူတို့ သဘောထား မပြည့်စုံသေးတဲ့ အတွက် ဆွေးနွေးချင်သေးတယ်ဆိုတဲ့ကိစ္စရပ်တွေ အဲဒီအပေါ်မှာ မူတည်ပြီးဆောင်ရွက်နေတာကြောင့် တစ်ဖြေးဖြေး သတ်မှတ်ထားတဲ့ ခြောက်လအတိုင်းအတာအတာရွှေ့သွားပြီးနောက် ယခု မေလ ၂၄ ရက်မှာ ဒုတိယအကြိမ်ညီလာခံကျင်းပမှာဖြစ်တယ်” လို့ ဦးတင်ဦးက အခမ်းအနား တက်ရောက်လာသူများကို ရှင်းပြခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ နာယက ဦးတင်ဦးသည် အခမ်းအနားအပြီး ပြည်မြို့ နယ် လွှတ်တော်ကိုယ်စားလှယ်ရုံးဖွင့်ပွဲသို့ ထပ်မံသွားရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly