စဉ့်ကူးမြို့ နယ်အတွင်း မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပွား

စဉ့်ကူးမြို့ နယ်အတွင်း မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်တွင် ၂၀၁၇ ခုနှစ် မေလ ၅ ရက်နေ့၌ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနေအိမ်များ၊ ဘုရားစေတီများ၊ စာသင်ကျောင်းများ ပျက်စီးခြင်းဖြစ်ပွားခဲ့သည်။

စဉ့်ကူးမြို့နယ်အတွင်း ကျေးရွာများတွင် လူနေအိမ် ၁၃၀ ခန့် အမိုးသွပ်လန်ခြင်း၊ ပြိုကျပျက်စီးခြင်း၊ စေတီ ၄ ဆူ ထီးတော်များပျက်စီးခြင်း၊ စာသင်ကျောင်း ၂ ကျောင်း နှင့် ဘုန်းကြီးကျောင်း ၁ ကျောင်း ပျက်စီးခဲ့သည့်အပြင် နွား ၁၁ ကောင်မိုးကြိုးထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

အမိုးလန်ပျက်စီးနေအိမ်များမှ အချို့မှာ မိဘဆွေမျိုးများဆီသို့သွားရောက်နေထိုင်လျက်ရှိကြပြီး ပျက်စီးမှုများနှင့်ပတ်သက်၍ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊   ဂေါပကအဖွဲ့များနှင့်   ပြည်သူများပူးပေါင်း၍ ပြင်ဆင်ဆောင်ရွက်သွားရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly