ယူရိုပါလိဂ်ဖလားရခဲ့ပါက မိုဗစ်ကို ရွန်နီနှင့်အတူ ဖလားကိုင်မြှောက်ခွင့်ပေးမည်

ယူရိုပါလိဂ်ဖလားရခဲ့ပါက မိုဗစ်ကို ရွန်နီနှင့်အတူ ဖလားကိုင်မြှောက်ခွင့်ပေးမည်

မေ ၇၊ အင်္ဂလန် ။              ။ မန်ယူအသင်းသာ ယူရိုပါလိဂ်ဖလားရရှိခဲ့ပါက အီဗရာဟီမိုဗစ်ကို အသင်းခေါင်းဆောင်ရွန်နီနှင့်အတူ ဖလားကိုင်မြှောက်ခွင့်ပေးမည်ဟု မန်ယူနည်းပြမော်ရင်ဟိုက ပြောဆိုလိုက်သည်။

တိုက်စစ်မှူးမိုဗစ်သည် မန်ယူနှင့်အန်ဒါလက်ချ်တို့၏ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်တွင် ဒူးအရွတ်ဒဏ်ရာရရှိခဲ့ပြီး ခွဲစိတ်ကုသမှု ခံယူခဲ့ရသည်။ မိုဗစ်၏ခွဲစိတ်ကုသမှုမှာ အောင်မြင်ခဲ့သော်လည်း ထိုဒဏ်ရာကြောင့် ကိုးလခန့်အနားယူရမည်ဖြစ်သည်။ ယခုအချိန်တွင် မိုဗစ်မှာ အမေရိကန်နိုင်ငံ၌သာ ဆေးကုသမှု ဆက်လက်ခံယူလျက်ရှိသည်။

အသက် ၃၅ နှစ်အရွယ်ရှိမိုဗစ်သည် အသက် ၃၀ ကျော်လာကတည်းက နှစ်တိုင်း ဂိုး ၃၀ နှင့်အထက်သွင်းယူခဲ့သူဖြစ်သည်။ ယခုနှစ်ရာသီတွင်လည်း မန်ယူအသင်းတွက် ၂၈ ဂိုးအထိသွင်းယူပေးနိုင်ခဲ့သည်။

မိုဗစ်က ကြံ့ခိုင်မှုအပြည့်ဖြင့်ပြန်လာမည်ဟု ပြောဆိုခဲ့သော်လည်း နည်းပြမော်ရင်ဟိုမှာ မိုဗစ်၏ထိပ်တန်းပုံစံပြန်မရမည်ကို စိုးရိမ်လျက်ရှိသည်။ ထို့အပြင် မော်ရင်ဟိုက မိုဗစ်အနေဖြင့် ယခင်ကဲ့သို့ ပုံစံကောင်းပြန်ရရန် မလွယ်ကူတော့ကြောင်း အရိပ်အမြွက်ပြောဆိုသွားခဲ့သည်။

ရည်ညွှန်း သည်ဆန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly