ယခုနှစ်အတွင်း ဧပြီလတွင်လူသတ်မှုအများဆုံးဖြစ်ပွားခဲ့ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ထုတ်ပြန်

ယခုနှစ်အတွင်း ဧပြီလတွင်လူသတ်မှုအများဆုံးဖြစ်ပွားခဲ့ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ထုတ်ပြန်

ရန်ကုန်၊ မေလ ၆ ။           ။ ရန်ကုန်တိုင်းဒေသကြီးတွင် ယခုနှစ်လေးလအတွင်း ဧပြီလမှာ သံမဏိနှင်းဆီဂျာနယ်တိုက် လူသတ်မှုအပါအဝင် လူသတ်မှုအကြိမ်များဆုံးဖြစ်ပွားခဲ့သည့် လ ဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယခုနှစ် ဧပြီလအတွင်း ပုဇွန်တောင်မြို့နယ်ရှိ သံမဏိနှင်းဆီဂျာနယ်တိုက်ခန်းအတွင်း ဖြစ်ပွားခဲ့သော လူသတ်မှု အပါအဝင် လူသတ်မှုပေါင်း အကြိမ် ၂ဝ ထိဖြစ်ပွားခဲ့ပြီး ဇန်နဝါရီလမှ မတ်လအထိ စုစုပေါင်း သုံးလအတွင်း လူ သတ်မှုမှာ ၃၈ ကြိမ်ထိ ဖြစ်ပွားခဲ့သည့်အတွက် ဧပြီလအတွင်း လူသတ်မှုမှာ ပထမသုံးလအတွင်း လူသတ် မှုထက် အများဆုံးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

အဆိုပါ ထုတ်ပြန်ချက်ကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဧပြီလအတွက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယင်းထုတ်ပြန် ချက်တွင် မုဒိမ်းမှု ၂၆ မှု၊ လုယက်မှု ၃ မှုအပြင် အမှုကြီးပေါင်း ၄၉ မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ထိုပြင် သာမန်ခိုးမှု၊ နာကျင်စေမှုများမှာ အမှုပေါင်း ၁၃၅၃ မှုဖြစ်ပွားခဲ့ပြီး လောင်းကစားမှု၊ ပြည့်တန်ဆာမှု၊ ယစ် မျိုးအမှု၊ မူးယစ်ဆေးဝါးမှုများမှာ အမှုပေါင်း ၃၆၇၁ မှုနှင့် ကြိုတင်ကာကွယ်မှုများမှာ ၅၈၁ဝ မှုထိဖြစ်ပွားခဲ့ ကြောင်း အဆိုပါထုတ်ပြန်ချက်တွင်ပါရှိသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly