ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ ဘရာဇီးက ထိပ်ဆုံးမှာ ဆက်လက်ရပ်တည်၊ ထိပ်ဆုံး (၁၀) သင်း အပြောင်းအလဲ မရှိ

ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ ဘရာဇီးက ထိပ်ဆုံးမှာ ဆက်လက်ရပ်တည်၊ ထိပ်ဆုံး (၁၀) သင်း အပြောင်းအလဲ မရှိ
(ဓာတ်ပုံ - အီးပီအေ)

မေလအတွက် ဖီဖာရဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်များကို ကြာသပတေးနေ့က ထုတ်ပြန်ခဲ့ရာ ဘရာဇီးအသင်းက ထိပ်ဆုံးကနေ ဆက်လက်ဦးဆောင်ခဲ့ပါတယ်။

အာဂျင်တီးနားအသင်းက အဆင့် ၂ နေရာမှာ ဆက်လက်ရှိနေပြီး လက်ရှိကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီက အဆင့် ၃၊ သူ့ရဲ့နောက်မှာတော့ ချီလီက အဆင့် ၄ နေရာမှာ ရပ်တည်နေကြပါတယ်။

ကိုလံဘီယာအသင်းက အဆင့် ၅ နေရာမှာရှိနေသလို စပိန်အသင်းက အဆင့် ၁၀ မှာ ရှိနေပါတယ်။

မြန်မာအသင်းမှာ မတ်လက ထုတ်ပြန်ခဲ့တဲ့ အဆင့် ၁၇၂ နေရာမှ အဆင့် ၆ ခုထိ ခုန်တက်လာပြီး အဆင့် ၁၆၆ နေရာမှာ ရပ်တည်နေတယ်လို့ သိရပါတယ်။

ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက် ထိပ်ဆုံး (၁၀)သင်း
၁) ဘရာဇီး
၂) အာဂျင်တီးနား
၃) ဂျာမနီ
၄) ချီလီ
၅) ကိုလံဘီယာ
၆) ပြင်သစ်
၇) ဘယ်လ်ဂျီယံ
၈) ပေါ်တူဂီ
၉) ဆွစ်ဇာလန်
၁၀) စပိန်

ဆက်လက်ကြည့်ရှုရန် http://www.fifa.com/fifa-world-ranking/ranking-table/men/index.html

©EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly