ရေစကြို ဗလဗ​ကျေးရွာတွင်​ မြစ်​ကမ်​းပါးပြိုမှု​ကြောင်​့ ​နေအိမ်​အချို့ ​ရွှေ့​ပြောင်​းရ

ရေစကြို ဗလဗ​ကျေးရွာတွင်​ မြစ်​ကမ်​းပါးပြိုမှု​ကြောင်​့ ​နေအိမ်​အချို့ ​ရွှေ့​ပြောင်​းရ

​ရေစကြို၊​ မေ ၄ ။           ။ ပခုက္ကူခရိုင်​၊ ရေစကြိုမြို့နယ်​ ဗလဗ​ကျေးရွာတွင်​ ​ဧရာဝတီမြစ်​​ရေ တိုက်​စားမှု​ကြောင်​့ ကမ်​းပါးပြိုမှုများ ဖြစ်​ပွား​နေပြီး ​နေအိမ်​အချို့စတင်​​ရွှေ့​ပြောင်​း​နေရသည်​ဟု သိရပြီး ကမ်​ပါးပြိုမှုသည်​ လွန်​ခဲ့သည်​့နှစ်​မှ စတင်​ခဲ့ခြင်​းဖြစ်​ပြီး ယခုနှစ်​တွင်​ ပိုမိုဆိုးရွားလာခဲ့ခြင်​းဖြစ်​သည်​ဟု သိရသည်​။

"မနှစ်​က ​ရေ​နောက်​မြီးဆွဲမှာ ၃အိမ်​​ရွှေ့ခဲ့ရပြီး​တော့ အခုနှစ်​ ​ရေဦး​ပေါက်​တဲ့အခါကျ​တော့ ယ​နေ့အထိ ၂၄ အိမ်​​ ရွှေ့ထားရတယ်။​​ ကမ်​းက တဖြည်​းဖြည်​း ပြို​နေတာဆို​တော့ နက်​ဖြန်​ဘယ်​နှစ်အိမ်​ဆက်​ပြီး ဖျက်​ရမယ်​ဆိုတာ မသိ​သေးဘူး ​။ လော​လောဆယ်​ အိမ်​ ၂၄လုံး က​တော့ ဖျက်​ထားရတယ်​"ဟု ​ဗလဗ​ကျေးရွာ အုပ်​ချုပ်​​ရေးမှူး ဦးမြ​ဆောင်​ ကဆိုသည်​။

ယခုကဲ့သို့ ​ရွေ့​ပြောင်​းရသည်​့ ​နေအိမ်​အချို့အ​နေဖြင်​့ ​နေအိမ်​မ​ျား ပြန်​လည်​တည်​​ဆောက်​ရန်​အတွက်​ ​​မြေ​နေရာ အခက်​အခဲများရှိ​နေသည်​ဟု ​ဒေသခံ တစ်​ဦးက မဇ္စျိမသို့​ပြောသည်​။

​"​မြေ​စျေးအ​နေနဲ့က အရင်​တုန်​းက ​တော​မြေ​စျေး အ​ကောင်​းဆုံး​မြေ ဆိုရင်​​တောင်​ ၂၅သိန်​း၊  သိန်​း ၃၀ ဝန်​းကျင်​ပဲ ရှိတယ်​။ ခုကျ​တော့ ဝိုင်​းအခက်​အခဲရှိ​နေ​တော့ ​ဆောက်​ဖို့သင်​့ ​မြေ​နေရာ​တွေက ခုဘယ်​​လောက်​ထိ​တောင်​း​နေတုန်​းဆို​တော့ သိန်​း ၈၀ ၊ သိန်​း ၁၀၀ အထိ​ တောင်​း​နေကြတယ်​။အဲ့ဒါ​ကြောင်​့ဝိုင်​း အခက်​အခဲဖြစ်​​နေပြီး ဖျက်​သာဖျက်​ရတယ်​ ။ တစ်​ဦးမှ မ​ဆောက်​နိုင်​ဘဲ ဖြစ်​​နေတယ်​"ဟု ဗလဗ​ကျေးရွာ ​ဒေသခံ ဦးမင်​း​ဆွေက ​ပြောသည်​။

​ရွှေ့​ပြောင်​းရသည်​့ ​နေအိမ်​များအတွက်​ ​ကျေးရွာရှိ သင်​့​တော်​ရာ ​မြေကွက်​လပ်​တွင်​ ပြန်​လည်​တည်​​ဆောက်​နိုင်​​ရေး ​ဒေသဆိုင်​ရာ တာဝန်​ရှိသူများအ​နေဖြင်​့ သင်​့​တော်​သည်​့စျေးဖြင်​့ ညှိနှိုင်​း​ပေး​စေလိုသည်​ဟု ​ဒေသခံများက ​ပြောသည်​။

လက်​ရှိ ကမ်​းပါးပြိုမှု​ကြောင်​့ ​ရွှေ့​ပြောင်​း​နေရသည်​့ ​နေအိမ်​များအ​နေဖြင်​့ ဖျက်​ထားရသည်​့ ​နေအိမ်​များအား မြစ်ကမ်း နှင်​့ ​ဝေးရာရှိ ​​​​ဆွေမျိုးများနှင်​့ အသိမိတ်​​ဆွေများ၏ ​နေအိမ်​များတွင်​​ခေတ္တပုံထားရသည်​ဟု သိရသည်​

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly