ဦးဝီရသူ နယ်ခြားစောင့်ကွပ်ကဲရေးမှူးနှင့် တွေ့ဆုံပြီး မောင်တောမြောက်ပိုင်းသို့ ခရီးဆက်

ဦးဝီရသူ နယ်ခြားစောင့်ကွပ်ကဲရေးမှူးနှင့် တွေ့ဆုံပြီး မောင်တောမြောက်ပိုင်းသို့ ခရီးဆက်

မောင်တော၊ မေ ၄ ။            ။ ဆရာတော်ဦးဝီရသူနှင့် မဘသအဖွဲ့တို့သည် ယနေ့နံနက်ပိုင်းက မောင်တောမြို့နယ်အတွင်းရှိ ကျီးကန်းပြင်နယ်ခြားစောင့် ဌာနချုပ်တွင် ကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင့်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး မောင်တောဒေသ မြောက်ပိုင်းနယ်မြေ အတွင်းသို့ ခရီးဆက်လျက်ရှိကြောင်း သိရသည်။

ဒေသကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင်နှင့် မဘသအဖွဲ့တို့တွေ့ဆုံးဆွေးနွေးမှုကို နယ်ခြားစောင့်ရဲ အမှတ် ၁ ဌာနချုပ် အတွင်း နံနက် ၈ နာရီခန့်ကပြုလုပ်ခဲ့ကြပြီး ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်နေ့ကစတင်ကာ အကြမ်းဖက်မှုများဖြစ်ပွားခဲ့ သည့် မြောက်ပိုင်းဒေသနယ်မြေများသို့ သွားရောက်လေ့လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆရာတော် ဦးဝီရသူနှင့်အဖွဲ့တို့သည် မေလ ၃ ရက်နေ့ နေ့လည်ပိုင်းက စစ်တွေမြို့သို့ရောက်ရှိလာခဲ့ပြီး ညနေပိုင်းတွင် မောင်တောမြို့သို့ သွားရောက်ခဲ့ခြင်းဖြစ်ကာ ယနေ့နံနက်ပိုင်းက ပျက်စီးသွားခဲ့သည့် ကျေးရွားတချို့တွင် စားနပ်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်လျှက်ရှိကြောင်းသိရသည်။

ဆရာတော် ဦးဝီရသူ၏  မောင်တော်ဒသခရီးစဉ်တွင် ပဋိပက္ခဖြစ်စဉ်အတွင်း ထိခိုက်နစ်နာခဲ့ကြသည့် ကျေးရွာသားများအား ထောက်ပံ့ပေးအပ်နိုင်ရန်အတွက် ဆန်အိတ် ၃၀၀၀ နှင့် အခြားသော ထောက်ပံ့ပေးရပစ္စည်းများလည်း ပါရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly