နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အီတလီ ဝန်ကြီးချုပ်ဟောင်းနှင့်တွေ့ဆုုံ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အီတလီ ဝန်ကြီးချုပ်ဟောင်းနှင့်တွေ့ဆုုံ
(ဓာတ်ပုံ - နိုင်ငံခြားရေးဝန်ကြီးဌာန)

အီတလီနိုင်ငံ ရောမမြို့သိုု့ တရားဝင်ခရီးရောက်ရှိနေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အီတလီ ဝန်ကြီးချုပ်ဟောင်းဖြစ်သူ H.E. Mr. Romano Prodi နှင့် ယနေ့ဒေသစံတော်ချိန် (၁၆းဝဝ)နာရီတွင် Boscolo Hotel ၌ တွေ့ဆုံခဲ့သည်။

တွေ့ဆုုံပွဲသိုု့ နိုုင်ငံခြားရေးဝန်ကြီးဌာန ဒုုတိယဝန်ကြီး ဦးကျော်တင်၊ အီတလီနိုုင်ငံဆိုုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်နောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပ(၃)နိုင်ငံခရီးစဉ်အတွင်း ဘယ်လ်ဂျီယံနိုင်ငံခရီးစဉ်အပြီး အီတလီသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

ဥရောပ သမဂ္ဂ (အီးယူ) ဌာနချုပ်၊ ဘယ်လ်ဂျီယံ၊ အီတလီနှင့် ဗြိတိန်နိုင်ငံသို့ တရားဝင် ခရီးသွားရောက်ရန် ဧပြီ ၃၀ရက် ညပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်း ခရီးဖြင့် ထွက်ခွာခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly