မြန်မာ့လက်ရွေးစင်အသင်းကို ၀တ်စုံစပွန်ဆာပေးရန် စပိန်ကုမ္ပဏီ ဂျိုမာ လာရောက်ဆွေးနွေး

မြန်မာ့လက်ရွေးစင်အသင်းကို ၀တ်စုံစပွန်ဆာပေးရန် စပိန်ကုမ္ပဏီ ဂျိုမာ လာရောက်ဆွေးနွေး

ဇူလိုင် ၃၁၊ ရန်ကုန် ။       ။ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းများကို ဝတ်စုံစပွန်ဆာပေးရန် စပိန်အားကစားပစ္စည်းကုမ္ပဏီ ဂျိုမာ(Joma) မှ တာဝန်ရှိသူများ မြန်မာနိုင်ငံ သို့လာရောက်ကာဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ဇူလိုင် ၃၀ရက်က ဆွေးနွေးမှုပြုလုပ်ခဲ့သည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းများကို ၂၀၁၂ခုနှစ်မှ ၂၀၁၄ခုနှစ်အထိ Lotto ကုမ္ပဏီက စပွန်ဆာပေးခဲ့ပြီး လက်ရှိတွင်စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီဖြစ်သဖြင့် အားကစားဝတ်စုံများကို ဝယ်ယူ အသုံးပြုနေရသည်။

JOMA အနေဖြင့် မြန်မာ့ လက်ရွေးစင် အသင်းများ ဝတ်ဆင်ကစားမည့် ဂျာစီများနှင့် အားကစား အသုံးအဆောင် ပစ္စည်းများကို စပွန်ဆာ အဖြစ် တာဝန်ယူပေးအပ်ရန် လာရောက်ကမ်း လှမ်းခြင်းဖြစ် ပြီး မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၏ Sponsorship စည်းကမ်းသတ်မှတ်ချက်များနှင့် ဈေးကွက်သဘောအရ ညှိနှိုင်းမှုများ သဘောတူညီမှု ရှိသည်နှင့် JOMA ၏ ကမ်းလှမ်းချက်များအား လက်ခံပေး သွားမည်ဖြစ်သည်။ လက်ရှိအချိန်တွင် JOMA နှင့် ညှိနှိုင်း ဆောင်ရွက်ဆဲ ဖြစ်ပြီး MFF နှင့် JOMA တို့ သဘောတူညီမှုများ ရရှိပါက စပွန်ဆာအဖြစ် လက်ခံသွားမည် ဖြစ်သည်။

JOMA သည် နိုင်ငံလက်ရွေးစင် အသင်းများ ဖြစ်သည့် ရိုမေးနီးယား၊ ဘူဂေးရီးယား၊ ဟွန်ဒူးရပ်စ်၊ ထရီနီဒက်နှင့် တိုဘာဂို၊ ကျူးဘား၊ ကင်ညာ၊ ကာဂျစ္စတန်၊ ဥဇဘတ်ကစ္စတန် လက်ရွေးစင် အသင်းများ ကိုလည်းကောင်း၊ ဥရောပရှိ စပိန်၊ ပြင်သစ်၊ အီတလီ၊ အင်္ဂလန်၊ ရုရှား၊ ချက်၊ ဂျာမနီ၊ အာဖရိက နိုင်ငံအသင်းများနှင့် ကလပ်အသင်းများ အစရှိသည့် ကမ္ဘာတဝှမ်း နိုင်ငံလက်ရွေးစင် အသင်းများနှင့် ကလပ် အသင်းများအား စပွန်ဆာပေးအပ် ထားသော နာမည်ရှိ အမှတ်တံဆိပ် တစ်ခုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly