ဒေါ်အောင်ဆန်းစုကြည် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့သို့ ရောက်ရှိ

ဒေါ်အောင်ဆန်းစုကြည် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့သို့ ရောက်ရှိ
ဓာတ်ပုံ-MOI

မေ ၁ ။          ။ ဥရောပခရီး ထွက်ခွာလာသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်  ဒေသစံတော်ချိန် နံနက် ၉ နာရီ မိနစ် ၄၀တွင် ဘယ်လ် ဂျီယံနိုင်ငံ ဘရပ်ဆဲလ် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်သည်။

ဥရောပ သမဂ္ဂ (အီးယူ) ဌာနချုပ်၊ ဘယ်လ်ဂျီယံ၊ အီတလီနှင့် ဗြိတိန်နိုင်ငံသို့ တရားဝင် ခရီးသွားရောက်ရန် ဧပြီ ၃၀ရက် ညပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်း ခရီးဖြင့် ထွက်ခွာခဲ့ခြင်းဖြစ်သည်။

ဒေသစံတော်ချိန် ည ၉နာရီ မိနစ်၄၀တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိကာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့အား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး သံရုံး ယာယီတာဝန်ခံ ဦးဟောက်ခမ့်ဆုမ်းနှင့် သံရုံးမှ တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် မစ္စတာ Singtong Lapisetpan တို့က ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ် ဆက်ခဲ့ကြသည်ဟု ပြန်ကြားရေးမှ ထုတ်ပြန်သည်။

ထိုမှတစ်ဆင့်  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒေသစံတော်ချိန် ည၁၂ နာရီ ၅ မိနစ်တွင် ထိုင်းနိုင်ငံမှ ဆက်လက် ထွက်ခွာခဲ့ရာ မေ၁ရက်  ဒေသစံတော်ချိန် နံနက် ရ နာရီ မိနစ်၂၀တွင် ပြစ်သစ်နိုင်ငံ Charles De Gulle အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြရာ ပြစ်သစ်နိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟန်သူနှင့် တာဝန်ရှိ သူများက ကြိုဆိုနှုတ်ဆက် ကြသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဘရပ်ဆဲလ်လေကြောင်း လိုင်းဖြင့် ဆက်လက် ထွက်ခွာရာ ဒေသစံတော်ချိန် နံနက် ၉ နာရီ မိနစ် ၄၀တွင် ဘယ်လ် ဂျီယံနိုင်ငံ ဘရပ်ဆဲလ် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်နှင့် အဖွဲ့အား ဘယ်လ်ဂျီယံ နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးပေါ်လွင်စိန်နှင့် တာဝန်ရှိသူများက ဘရပ်ဆဲလ် လေဆိပ်၌ ကြိုဆို နှုတ်ဆက် ကြသည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် ခေတ္တ တည်းခိုမည့် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ Steigenberger Wiltcher’s Hotel သို့ မော်တော်ယာဉ်များဖြင့် ရောက်ရှိကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly