မန်ယူအသင်းမှ ၀န်ထမ်းများကို ကျေးဇူးတင်သောကြောင့် ညစာဖိတ်ကျွေးရန် မိုဗစ်စီစဉ်

မန်ယူအသင်းမှ ၀န်ထမ်းများကို ကျေးဇူးတင်သောကြောင့် ညစာဖိတ်ကျွေးရန် မိုဗစ်စီစဉ်

မေ ၁၊ အင်္ဂလန် ။           ။ မန်ယူအသင်းတွင် ကစားခဲ့သည့်ကာလအတွင်း အကောင်းဆုံးပ့ံပိုးကူညီပေးခဲ့ကြသည့် ၀န်ထမ်းများကို ကျေးဇူးတင်သောကြောင့် တိုက်စစ်မှူးအီဗရာဟီမိုဗစ်က ညစာဖိတ်ကျွေးရန် စီစဉ်လျက်ရှိသည်။

မိုဗစ်သည် ရာသီပြီးဆုံးချိန်တွင် အသင်းဖော်များ၊ နည်းပြနှင့်နည်းပြအဖွဲ့ဝင်များ၊ ဆေးဝန်ထမ်းများ၊ အနှိပ်ပညာရှင်များ၊ ကွင်းဝန်ထမ်းများအားလုံးကို ညစာဖိတ်ကျွေးမည်ဖြစ်သည်။

မိုဗစ်သည် အန်ဒါလက်ချ်နှင့်ပွဲတွင် ရရှိခဲ့သည့်ဒူးဒဏ်ရာကြောင့် ကိုးလခန့်အနားယူရမည် ဖြစ်သည်။ မန်ယူအသင်းက တစ်နှစ်လစာငွေ ပေါင် ၁၃ သန်းတန်ကြေးရှိစာချုပ်ဖြင့် မိုဗစ်ကို စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းထားသော်လည်း မိုဗစ်က သူ့ကိုယ်သူတာဝန်ယူသည့်အနေဖြင့် ငြင်းပယ်ထားသည်ဟု The Sun သတင်းစာက ဖော်ပြသည်။

မိုဗစ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက ‘ဇလာတန်ဟာ လုံးဝကြယ်ပွင့်တစ်ဦးပါပဲ။ မန်ယူအသင်းက အားလုံးကို ကျေးဇူးတင်တာကြောင့် အားလုံးကို ညစာကျွေးချင်နေပါတယ်။ ရာသီပြီးဆုံးလို့ နောက်ဆုံးနှုတ်ဆက်ကြချိန်မှာ ဖြစ်နိုင်ပါတယ်’ ဟု ဆိုသည်။

ဆွီဒင်တိုက်စစ်မှူးသည် ယခုနှစ်ရာသီတွင် မန်ယူအသင်းအတွက် ပြိုင်ပွဲပေါင်းစုံ၌ ၂၈ ဂိုးအထိသွင်းယူပေးခဲ့ပြီး ခြေစွမ်းပြခဲ့သူ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly