မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်က လှပလတ်ဆတ်တဲ့ ကွတ်ကီးလေးတစ်ချပ်ပါဟု ဒေါ်နယ်ထရမ့် ချီးမွှမ်း

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်က လှပလတ်ဆတ်တဲ့ ကွတ်ကီးလေးတစ်ချပ်ပါဟု ဒေါ်နယ်ထရမ့် ချီးမွှမ်း

ဝါရှင်တန်၊ မေ ၁ ။            ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်ဟာ ချစ်စဖွယ် လတ်ဆတ်တဲ့ ကွတ်ကီးလေးတစ်ခုပါလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ချီးမွှမ်းစကားကို ဧပြီ ၃၀ ရက်က ထုတ်လွှင့်တဲ့ ရုပ်သံအင်တာဗျူးတစ်ရပ်မှာ ပြောလိုက်ပါတယ်။

ထရမ့်ရဲ့ ခုလို နှစ်လိုတဲ့ မှတ်ချက်ပေးတဲ့ စကားဟာ ဒုံးကျည်နဲ့ နျူကလီးယားစီမံကိန်းတွေကြောင့် မြောက်ကိုရီးယားနဲ့ တင်းမာမှုရေချိန် မြင့်မားနေချိန် ကင်ဂျုံးအွန်ကို ထိန်းထိန်းသိမ်းသိမ်းလုပ်ပေးဖို့ တရုတ်ရဲ့အကူအညီကို အမေရိကန်က မျှော်လင့်နေရတဲ့ အချိန်မှာ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။

ကင်ဂျုံးအွန်ဟာ စိတ်ဓာတ်မှန်ကန်ခိုင်မာလားဆိုတာတော့ မသိကြောင်း၊ ဒါပေမယ့် မြောက်ကိုရီးယားခေါင်းဆောင်အနေနဲ့က ၂၀၁၁ ခုနှစ် ဖခင်ဖြစ်သူ ဆုံးပြီးနောက် အသက် ၂၇ နှစ်မှာ အာဏာရယူခဲ့တာကြောင့် စိန်ခေါ်မှုကြီးတွေတော့ ရင်ဆိုင်ခဲ့ရကြောင်း ထရမ့်က ပြောပါတယ်။

“စစ်ဗိုလ်ချုပ်တွေနဲ့ အခြားသောသူတွေကြား တကယ့်တင်းမာတဲ့ ပုဂ္ဂိုလ်တွေနဲ့ သူက အပေးအယူတည့်နေတယ်။ ပြီးတော့ တကယ့်ကို အလွန်ငယ်တဲ့အရွယ်မှာ အာဏာကို ထိန်းချုပ်ထားနိုင်တယ်။”ဟု CBS ရုပ်သံနှင့် အင်တာဗျူးမှာ ထရမ့်က ဖြေဆိုပါတယ်။

“ကျွန်တော် ကျိန်းသေပြောနိုင်တာက လူတော်တော်များများက ကင်ဂျုံးအွန်ကို အာဏာဖယ်ရှားဖို့ ကြိုးစားကြမှာပဲဆိုတာပဲ။ ဒီကြားထဲက သူ ရပ်တည်နေနိုင်တယ်။ တကယ်ပါပဲ၊ သူဟာ လှပလတ်ဆတ်တဲ့ ကွတ်ကီးလေးတစ်ချပ်ပါပဲ။” ဟု ထရမ့်က ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly