ချယ်​လ်​ဆီးအသင်​း၏စာချုပ်​သစ်​ကမ်​းလှမ်​းမှုကို ဂျွန်​တယ်​ရီပယ်​ချ

ချယ်​လ်​ဆီးအသင်​း၏စာချုပ်​သစ်​ကမ်​းလှမ်​းမှုကို ဂျွန်​တယ်​ရီပယ်​ချ

ဧပြီ ၃၀၊ လန်​ဒန်​။             ။ ပုံမှန်​ပွဲထွက် ​ကစားချင်​သည်​့့ဂျွန်​တယ်​ရီသည်​ ချယ်​လ်​ဆီးအသင်​း၏ စာချုပ်​သစ်​ကမ်​းလှမ်​းမှုကို ပယ်​ချလိုက်​သည်​။

တယ်​ရီသည်​ ပရီးမီးယားလိဂ်​ဖလားရရန်​နီးစပ်​​နေသည်​့ ချယ်​လ်​ဆီးအသင်​းတွင်​ တစ်​ရာသီလုံးနီးပါး အရန်​ခုံထိုင်​​နေရသူဖြစ်​သည်​။

ချယ်​လ်​ဆီးတွင်​ အသက်​ ၁၉ နှစ်​အရွယ်​ကတည်​းက ကစားခဲ့သည်​့ အသက်​ ၃၆ နှစ်​အရွယ်​ကစားသမားမှာ ​နောက်​တစ်​နှစ်​​ဘောလုံးဆက်​ကစားနိုင်​​သေးသည်​ဟု ခံစား​နေရသဖြင်​့ ပွဲထွက်​ခွင်​့မ​သေချာသည်​့ ချယ်​လ်​ဆီး၏ တစ်​နှစ်​စာချုပ်​သစ်​ကမ်​းလှမ်​းမှုကို ပယ်​ချခဲ့ခြင်​းဖြစ်​သည်​။

ဝက်​စ်​ဟမ်​း၊ ဘုန်​း​မောက်​နှင်​့ ဝက်​စ်​ဘရွန်​းတို့က တယ်​ရီကို ပရီးမီးယားလိဂ်​ကစားသမားအဖြစ်​ဆက်​ရှိ​စေရန်​ အဆင်​သင်​့ရှိ​နေသကဲ့သို့ ​​ငွေအ​မြောက်​အမြားရမည်​့ တရုတ်​စူပါလိဂ်​လည်​းရှိ​နေသည်​။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags