လည်ပင်းကို ဝါးခုတ်ဓားမဖြင့် ခုတ်သတ်သည့်အမှု တရားခံဟု ယူဆရသူဖမ်းမိ

လည်ပင်းကို ဝါးခုတ်ဓားမဖြင့် ခုတ်သတ်သည့်အမှု တရားခံဟု ယူဆရသူဖမ်းမိ

ရန်ကုန်၊ ဧပြီလ ၂၉ ။              ။ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ဥက္ကံမြို့၊ ချောင်းစောက်ကျေးရွာအုပ်စု ဒေါ်စီဖိုးအင်းစုတွင် ဧပြီလ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့သည့် လည်ပင်းကို ဝါးခုတ်ဓားမဖြင့် ခုတ်သတ်သည့်အမှုတွင် တရားခံဟု ယူဆရသူအား ယနေ့ ဧပြီလ ၂၉ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ဥက္ကံရဲစခန်းမှ စခန်းမှူး ရဲအုပ်သန်းနိုင်က မဇ္စျိမသို့ ပြောသည်။

အဆိုပါတရားခံဟု ယူဆရသူ အသက်နှစ် ၃၅ အရွယ် ကျော်လွင်ကို သတင်းအရ ယနေ့ ဧပြီလ ၂၇ ရက်နေ့ မနက်ပိုင်းတွင် နယ်ထိန်းအရာရှိဒုရဲအုပ်ဦးဆောင်သည့် ရဲတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ရာ အမှုဖြစ် ပွားခဲ့သည့် ချောင်းစောက်ကျေးရွာအုပ်စု၊ ဒေါ်စီဖိုးအင်းစု၊ ဝါးခုတ်စခန်းအနီးမှ မတ်ပဲစိုက်ပျိုးသည့် လယ်ထဲတွင် ပုန်းအောင်းလျက် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ ခုက ဖမ်းမိပြီဆိုတော့ မြန်မြန်စစ်တာတွေလုပ်ရမှာပေါ့။ ရမန်တွေဘာတွေယူပြီးတော့ သက်သေခံပစ္စည်းသိမ်း တာတွေ၊ သိမ်းထားတဲ့ သက်သေခံတွေကို ဓာတုဗေဒရုံးပို့ပြီးတော့ အဲ့ဒီကထွက်လာတဲ့ အဖြေပေါ် မှုတည်ပြီး တော့ တရားစွဲမှာပါ”ဟု ရဲအုပ်သန်းနိုင်က ပြောသည်။

အမှုဖြစ်စဉ်မှာ ဧပြီလ၂၇ ရက်နေ့၊ မနက် ရ နာရီခန့်က ဥက္ကံမြို့၊ ချောင်းစောက်အုပ်စု၊ ဒေါ်စီဖိုးအင်းစု၊ ဝါးခုတ် စခန်းတွင် အဆိုပါ တရားခံဟု ယူဆရသူ ကျော်လွင်က ၄င်း၏အသိများနှင့် အရက်သောက်နေရာ ကျော်လွင်၏ ဇနီးဖြစ်သူက အိမ်ပြန်ရန်လာရောက်ဆူပူသဖြင့် ၄င်းအသိများက အိမ်သို့ပြန်ခိုင်းရာ မပြန်ရဲသဖြင့် သေဆုံးသူ အသက် ၄၆ နှစ်အရွယ် ကိုကျော်ရွှေက အိမ်ပြန်လိုက်ပို့ခဲ့ကြောင်း ရဲမှတ်တမ်းအရသိရသည်။ ထိုသို့ အိမ်ပြန်လိုက်ပို့ရာတွင် တရားခံဟု ယူဆရသူ ကျော်လွင်လက်ထဲတွင် ဝါးခုတ်ဓားမ ကိုင်ဆောင်ထားပြီး နာရီဝက်ခန့်အကြာ ကိုကျော်ရွှေပြန်မရောက်သဖြင့် မိသားစုမှ သွားရောက်ရှာဖွေခဲ့ရာ လမ်းတွင် ဖိနပ်နှင့် သွေး များတွေ့ရှိပြီး သွေးအိုင်အနီး လမ်းယာဘက်မြောင်းတွင် ကိုကျော်ရွှေကို လည်ပင်းပြတ်လျက် သေဆုံးနေသည် ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

ကိုကျော်ရွှေမိသားစုက ကျော်လွင်အိမ်သို့ သွားရောက်ရှာဖွေရာ အိမ်တွင် ကျော်လွင်နှင့် ၄င်း၏ ဇနီးကို မတွေ့ရှိ ကြောင်းသိရသည်။ အဆိုပါလူသတ်မှုနှင့် ပတ်သက်ပြီး လူသတ်တရားခံဟု ယူဆရသူ ကျော်လွင်အား ဥက္ကံရဲစခန်းမှ (ပ) ၆၇/၂၀၁၇ ရာဇသတ်ကြီပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly