ဟုမ္မလင်းအလုပ်သမားအဖွဲ့အစည်းမှ ပါတီတစ်ခုအား ရုံးခန်းပြန်ပေးရန် ဆန္ဒပြမည်

ဟုမ္မလင်းအလုပ်သမားအဖွဲ့အစည်းမှ ပါတီတစ်ခုအား ရုံးခန်းပြန်ပေးရန် ဆန္ဒပြမည်

မုံရွာ၊ ဧပြီ ၂၉။              ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် အလုပ်သမားများမှ အလုပ်သမားအဖွဲ့အစည်းပိုင်ရုံးခန်းအား ပြန်လည်ပေးအပ်ရန်အတွက် ပါတီကြီးတစ်ခု အား ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း အဆိုပါအလုပ်သမားများက ပြောသည်။

၁၉၈၈ ခုနှစ်တွင် ဟုမ္မလင်းမြို့နယ် အလုပ်သမားအဖွဲ့၏ ရုံးခန်းအဖြစ် မြေဂရန်ရရှိထားခဲ့ပြီး ၁၉၉၅ ခုနှစ်မှစတင်ကာ အဆိုပါ ပါတီပိုင် ရုံးခန်းအဖြစ် အမည်လွှဲပြောင်း ရယူသွားခဲ့ခြင်း ဖြစ်ကြောင်း အလုပ်သမားအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်က ပြောသည်။

"၁၉၉၅ ခုနှစ်မှာ ပါတီပိုင်ရုံးခန်းအဖြစ် အမည်လွှဲပြောင်း ရယူသွားတယ်။ ၁၉၉၆ မှာ အလုပ်သမားတွေက ကန့်ကွက်ခဲ့ပေမယ့် မထူးခြားခဲ့ဘူး" ဟု ၄င်းက ပြောသည်။

အလုပ်သမားပိုင်ရုံးခန်းအား ပြန်လည်ပေးအပ်ရန်အတွက် မြို့နယ်အလုပ်သမားများမှ အလုပ်သမား(၅၀) ခန့်မှ ဆန္ဒထုတ်ဖော်ကြမည်ဖြစ်ပြီး ရုံးခန်းပြန်ပေးအပ်ရန်အတွက်ကိုသာ တောင်းဆိုကြမည်ဖြစ်ကြောင်း အလုပ်သမားအဖွဲ့အတွင်းရေးမှူး ဦးမျိုးသန့်ကလည်း ထပ်မံပြောကြားသည်။

ယခုလာမည့် မေ ၃ ရက်နေ့တွင် အလုပ်သမားရုံးခန်း ပြန်ပေးအပ်ရန်အတွက် ဆန္ဒထုတ်ဖော်ကြမည် ဖြစ်ပြီး ဟုမ္မလင်းမြို့နယ် ကုန်တင်ကုန်ချအလုပ်သမားများ ပါဝင်ဆန္ဒထုတ်ဖော်ကြမည် ဖြစ်သည်။

ယင်းပါတီအားဆက်သွယ် မေးမြန်းရန် အတွက် ကြိုးစားခဲ့သော်လည်း အဆက်အသွယ်များ ရရှိခဲ့ခြင်းမရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly