ဖိလစ်ပိုင်မှာ အာဆီယံ ဆန့်ကျင်ရေး ဆန္ဒပြပွဲမှုများ ပေါ်ပေါက်

ဖိလစ်ပိုင်မှာ အာဆီယံ ဆန့်ကျင်ရေး ဆန္ဒပြပွဲမှုများ ပေါ်ပေါက်

ဧပြီ ၂၈ ။           ။ အာဆီယံ ထိပ်သီးအစည်းအဝေး ကျင်းပမယ့် ဖိလစ်ပိုင်မြို့တော် မနီလာမှာတော့ ဧပြီလ ၂၈ ရက်က အာဆီယံ ဆန့်ကျင်ရေး ဆန္ဒပြသူတွေ အုပ်စုဖွဲ့ ချီတက်ဆန္ဒပြမှုတွေ ပေါ်ပေါက်နေတယ်လို့ သိရပါတယ်။

အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံရဲ့ ယခုနှစ် ထိပ်သီးအစည်းအဝေးကိုတော့ ဖိလစ်ပိုင်မှာ ကျင်းပတာဖြစ်ပြီးတော့ အဖွဲ့ဝင်နိုင်ငံတွေက ထိပ်တန်းခေါင်းဆောင်တွေ တက်ရောက်ဆွေးနွေးကြမှာဖြစ်ပါတယ်။

ယခုလို ခေါင်းဆောင်တွေ တွေ့ဆုံဖို့ရှိနေတဲ့အချိန်မှာပဲ အာဆီယံအဖွဲ့ကြီးကို ဆန့်ကျင်သူ ဆန္ဒပြသမားတွေဟာ ယင်းနေ့က မနီလာမှာ ရှိတဲ့ အမေရိကန်သံရုံးဆီကို ဦးတည်ချီတက်လာတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

အဆိုပါ အာဆီယံဆန့်ကျင်ရေး ဆိုင်းပုဒ်တွေနဲ့ အလံတွေကိုင်ဆောင်လာတဲ့ ဆန္ဒပြသူတွေကိုတော့ လမ်းမပေါ်မှာ ရဲတွေက ပိတ်ဆို့ခဲ့ပြီးနောက်မှာတော့ ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပေါ်နေလျက်ရှိကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly