ရွေးကောက်ပွဲတွင် ရေပန်းစားနေသူ သမ္မတလောင်းနှစ်ဦးစလုံးအား ပြင်သစ်ကျောင်းသားများ ကန့်ကွက်ဆန္ဒပြ

ရွေးကောက်ပွဲတွင် ရေပန်းစားနေသူ သမ္မတလောင်းနှစ်ဦးစလုံးအား ပြင်သစ်ကျောင်းသားများ ကန့်ကွက်ဆန္ဒပြ

ပါရီ၊ ဧပြီ ၂၈ ။             ။ လာမည့်ပြင်သစ်သမ္မတ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရမည့် သမ္မတလောင်းနှစ်ဦးစလုံးကို ရာပေါင်းများစွာသော ကျောင်းသားများက ဧပြီ ၂၇ ရက်တွင် ကန့်ကွက်ကာ ဆန္ဒပြကြရာ တစ်ချို့မှာ ရဲနှှင့် ပွတ်တိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း EPA သတင်းထောက်က မျက်မြင်သတင်းရယူသည်။

အထက်တန်းကျောင်းသားများနှင့် ဖက်ဆစ်ဝါဒဆန့်ကျင်ရေးလှုပ်ရှားမှုအဖွဲ့ဝင်မားက ရွေးကောက်ပွဲ ဒုတိယသုတ်နှင့် နောက်ဆုံးသုတ်တို့ကို ယှဉ်ပြိုင်ရမည့် လက်ယာယိမ်း မာရင်းလီပင်းနှင့် ဗဟိုဝါဒီ မက်ခရွန်တို့နှှစ်ဦးစလုံးအား ကန့်ကွက်ဆန့်ကျင်လျက် လမ်းပေါ်ထွက် ဆန္ဒပြကြခြင်းဖြစ်သည်။

ဟီလီနီဘောချာအထက်ကျောင်း ၀င်ပေါက်ကို ရဲက ပိတ်ဆို့ထား၍ ထိပ်တိုက်တွေ့နေစဉ် ဆန္ဒပြသူများ အုပ်စုတစ်ရပ်က ပြင်သစ်စာဖြင့် ရေးထိုးထားသော “နိုင်ငံမလို၊ အကြီးအကဲမလို၊ လီပင်းမလို၊ မက်ခရွန်မလို”ဟူသော စာတန်းကို ကိုင်ဆောင်ကာ ချီတက်ကြသည်။

အခြားစာတမ်းတစ်ခုတွင် “ဖက်ဆစ်အလိုမရှိ၊ ဘဏ်လုပ်ငန်းရှင်အလိုမရှိ”ဟု ရေးသားထားသည်။ ယင်းစာတမ်းမှ သမ္မတလောင်းနှစ်ဦးကို ရည်ညွှန်းပြီး လီပင်းက အမျိုးသားရေးဝါဒီတစ်ဦးဖြစ်ကာ မက်ခရွန်က ဘဏ်လုပ်ငန်းရှင်ဟောင်းတစ်ဦးဖြစ်သည်။

ရွေးကောက်ပွဲ ပထမသုတ်တွင် မက်ခရွန်က ရှေ့ဆုံးက တစ်ပြေးနေခဲ့ပြီး လီပင်းမှှာ ဒုတိယနေရာက ရှိနေခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly