တနင်္သာရီမြို့နယ်တွင် ဆေးခြောက်ပင်နှင့် ဘိန်းစာပင်များ ခုတ်ထွင်မီးရှို့

တနင်္သာရီမြို့နယ်တွင် ဆေးခြောက်ပင်နှင့် ဘိန်းစာပင်များ ခုတ်ထွင်မီးရှို့
ဓာတ်ပုံ- မြိတ်ခရိုင်ရဲတပ်ဖွဲ့

မြိတ်၊ ဧပြီ ၂၆ ။           ။ တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၊ သကျက်​ကျေးရွာအုပ်စု၊ ဒေသအခေါ်(ငါးပြေမအင်း)ရှိ ဆေးခြောက်ပင်(၈၀)ပင်နှင့် ဘိန်းစာပင် (၁၀၀)ပင်ကို ဧပြီ ၂၆ ရက်၌ ခုတ်ထွင်မီးရှို့ခဲ့ကြောင်း မြိတ်ခရိုင်ရဲတပ်ဖွဲ့ထံမှသိရသည်။

(၀.၅)ဧကခန့်ရှိ မြေကွက်လပ်တွင် အမြင့်ပေ(၅)ပေ၊ ပင်စည်လုံးပတ်(၁)လက်မ ပတ်လည်ခန့်ရှိ ဆေးခြောက်ပင်များနှင့် (လုံးပတ်) ၅ လက်မ၊ အမြင့် (၁၀)ပေခန့်ရှိ ဘိန်းစာပင်များဖြစ်ပြီး ရဲတပ်ဖွဲ့မှတ်တမ်းအရ အလေ့ကျပေါက်ပင်များဖြစ်သည်ဟုဆိုသည်။

ဖျက်ဆီးခဲ့သည့် ဆေးခြောက်ပင်၏ စုစုပေါင်းအလေးချိန်(၃၅.၂၇)ကီလိုဂရမ်၊ တန်ဖိုး (၇,၀၅၄,၀၀၀)နှင့် ဘိန်းစာပင်(၁၀၀)၏ စုစုပေါင်း အလေးချိန် (၅၈.၇၈၈)ကီလိုဂရမ်၊ တန်ဖိုး (၁,၄၆၉,၇၀၀)ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းကဖော်ပြထားသည်။

ဆေးခြောက်အရွက်စိုမှာ ၁ ကီလိုဂရမ် ဒေသပေါက်စျေး ၂ သိန်းဖြစ်ပြီး ဘိန်းစာရွက်စိုမှာ ၁ ကီလိုဂရမ် ၂ သောင်းခွဲထိရှိနေကြောင်းသိရသည်။

မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူ း ဒုရဲမှူးကြီး တင်ထွန်း၊ အမှတ်(၅၆၁)ခြေမြန်တပ်ရင်း၊ တနင်္သာရီမြို့နယ်တာဝန်ရှိသူများ စုစုပေါင်းအင်အား(၇၅)ဦးခန့် ဆေးခြောက်ပင်နှင့် ဘိန်းစာပင်ဖျက်ခြင်းလုပ်ငန်းကို ပါဝင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly