နျူကလီးယား ရေငုပ်သင်္ဘော မီဂျီဂန် ဘူဆန်သို့ ရောက်ရှိပြီးနောက် အမေရိကန်-တောင်ကိုရီးယား-ဂျပန် ပူးတွဲစစ်ရေးလေ့ကျင့်

နျူကလီးယား ရေငုပ်သင်္ဘော မီဂျီဂန် ဘူဆန်သို့ ရောက်ရှိပြီးနောက် အမေရိကန်-တောင်ကိုရီးယား-ဂျပန် ပူးတွဲစစ်ရေးလေ့ကျင့်

ဧပြီ ၂၆ ။              ။ ယမန်နေ့က အမေရိကန်နျူကလီးယား ရေငုပ်သင်္ဘောကြီး မီဂျီဂန် တောင်ကိုရီးယားနိုင်ငံ ဘူဆန်ဆိပ်ကမ်းကို ဆိုက်ရောက်လာခဲ့ပြီးနောက် ယခုအခါ အမေရိကန်-တောင်ကိုရီးယား တပ်ဖွဲ့များ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကိုရီးယားကျွန်းဆွယ်တွင် မြောက်ကိုရီးယားနှင့်အကြား တင်းမာမှုမြင့်တက်နေချိန်အတွင်း အမေရိကန်နှင့်တောင်ကိုရီးယား တပ်ဖွဲ့တို့အကြား ပူးတွဲစစ်ရေးလေ့ကျင့်များ လုပ်ဆောင်ခဲ့ကြသည်။

အမေရိကန်တို့အနေဖြင့် ယင်းကျွန်းဆွယ်ဒေသတွင်းသို့ လေယာဉ်တင်သင်္ဘောကြီး Carl Vison ကို စေလွှတ်ခဲ့ပြီးနောက် ယမန်နေ့ကလည်း ထပ်မံစေလွှတ်လိုက်သည့် နျူကလီးယား ရေငုပ်သင်္ဘောကြီး မီဂျီဂန်မှာလည်း တောင်ကိုရီးယားနိုင်ငံကို ဆိုက်ရောက်လာပြီဖြစ်သည်။

အလားတူ မြောက်ကိုရီးယားတို့၏ ဒုံးကျည်အန္တရာယ်ကို ကြားဖြတ်ဟန့်တားနိုင်မည့် ဒုံးခွင်းဒုံးစနစ် THAAD ကိုလည်း အမေရိကန်တပ်များက တောင်ကိုရီးယားတွင် စတင်တပ်ဆင်နေပြီ ဖြစ်ကြောင်း သိရသည်။

ယင်းဒုံးခွင်းဒုံးစနစ် ဖြန့်ကျက်မှုအပေါ် ဒေသခံပြည်သူတစ်ချို့က ၀ိုင်းဝန်းကန့်ကွက်မှုများ ရှိနေသော်လည်း ယခု တပ်ဆင်မှုကို စတင်နေပြီ ဖြစ်ကြောင်း သိရသည်။
တစ်ချိန်တည်းတွင်မှာလည်း အမေရိကန်နှင့် ဂျပန်တပ်ဖွဲတို့သည်လည်း ဒုံးခွင်းစနစ် တပ်ဆင်ထားသော ရေယာဉ်သင်္ဘောများပါ၀င်သည့် ပင်လယ်ပြင် အထူး စစ်ရေးပူးတွဲလေ့ကျင့်မှုများ လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly