ပရီးမီးယားလိဂ်ချန်ပီယံဆုကိုရယူနိုင်ဖို့ စိတ်ဓာတ်ပိုင်းဆိုင်ရာအရ နောက်တစ်ဆင့်တက်လှမ်းနိုင်ခဲ့ပြီလို့ ကွန်တီပြော

ပရီးမီးယားလိဂ်ချန်ပီယံဆုကိုရယူနိုင်ဖို့ စိတ်ဓာတ်ပိုင်းဆိုင်ရာအရ နောက်တစ်ဆင့်တက်လှမ်းနိုင်ခဲ့ပြီလို့ ကွန်တီပြော

ဧပြီ ၂၆။ အင်္ဂလန် ။         ။ ပရီးမီးယားလိဂ်ပွဲစဉ် (၃၄) ပွဲကျန်အဖြစ် ဆောက်သမ်တန်အသင်းနဲ့ ကစားခဲ့ရတဲ့ ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းက လေးဂိုး၊ နှစ်ဂိုးနဲ့အနိုင်ရရှိသွားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းမှာ အဓိကတိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဟက်ဇက်နဲ့ကော်စတာတို့ ပွဲထွက်ပါ၀င်လာပြီး ခြေစွမ်းပြဂိုးတွေသွင်းယူခဲ့ကြပါတယ်။ ချယ်လ်ဆီးအတွက် အနိုင်ဂိုးတွေကို ဟက်ဇက်က ၁ ဂိုး၊ ကာဟေးလ်က ၁ ဂိုး၊ ကော်စတာက ၂ ဂိုး၊ သွင်းယူပေးခဲ့ကြပါတယ်။

ဒီနိုင်ပွဲကြောင့် ချယ်လ်ဆီးအသင်းဟာ ဒုတိယနေရာက စပါးကို ရ မှတ်ဖြတ်ထားနိုင်ပြီး ပြိုင်ပွဲပြီးဆုံးဖို့ (၅) ပွဲအလိုမှာ ချန်ပီယံဖြစ်ဖို့ ခြေတစ်လှမ်းထပ်တိုးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ပွဲအပြီးမှာ ချယ်လ်ဆီးနည်းပြ ကွန်တီက ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ရန် စိတ်ဓာတ်ပိုင်းဆိုင်ရာအရ နောက်တစ်ဆင့်ကိုတက်လှမ်းနိုင်ခဲ့ပြီလို့ ပြောဆိုခဲ့ပါတယ်။

‘ကျွန်တော်တို့အသင်းအနေနဲ့အလွန်ခက်ခဲတဲ့ အဆင့်တစ်ခုကို ကျော်ဖြတ်နိုင်ခဲ့ပြီလို့ ထင်ပါတယ်။ မန်ယူကို ရှုံးခဲ့ပြီးတဲ့နောက်မှာ စိတ်ဓာတ်ပိုင်းအရ ကြီးမားတဲ့ယုံကြည်မှုကို ပြန်လည်ရရှိခဲ့တာပါ။ ကျွန်တော်တို့အတွက် အရေးအကြီးဆုံးစမ်းသပ်ချက်တစ်ခုကို အကောင်းဆုံးအဖြေပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အကောင်းဆုံးကြိုးစားအားထုတ်ခဲ့ကြတဲ့ အသင်းသားတွေအတွက် တကယ်ကို ကျေနပ်မိပါတယ်။ ကျွန်တော်တို့အတွက် အရေးအကြီးဆုံးကတော့ ကိုယ့်ကိုကိုယ်ပြန်လည်သုံးသပ်ကြည့်နေဖို့ပါပဲ။ ပြိုင်ပွဲက ရာသီအကုန်အထိ ဆက်လက်ယှဉ်ပြိုင်ရပါလိ့မ်မယ်။ ဒီအတွက် အဖြေကတော့ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပါပြီ’ လို့ ကွန်တီက ပြောခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ လက်ကျန်ပွဲစဉ်(၅)ပွဲမှာ အဲဗာတန်နဲ့ဝက်စ်ဘရွန်းတို့ကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး မစ်ဒယ်ဘရော့၊ ၀က်ဖို့ဒ်နဲ့ ဆန်းဒါးလန်းတို့ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly