နိုင်ငံမြောက်ပိုင်း၌ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော တူရကီတို့အား အီရတ်အစိုးရ ဝေဖန်ရှုံ့ချ

နိုင်ငံမြောက်ပိုင်း၌ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော တူရကီတို့အား အီရတ်အစိုးရ ဝေဖန်ရှုံ့ချ

 ဧပြီ ၂၆ ။               ။ ပြီးခဲ့သော အင်္ဂါနေ့က အီရတ်နိုင်ငံမြောက်ပိုင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော ကာ့ဒ်လူမျိုးတို့၏ ပိုင်နက် အပေါ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့် တူရကီတို့အား အီရတ်အစိုးရက ဝေဖန်ရှုံ့ချလိုက်သည်။

“အီရတ်တို့ရဲ့ ပိုင်နက်ထဲမှာ တိုက်လေယာဉ်များဖြင့် လေကြောင်းမှတိုက်ခိုက်မှုများ ကျူးလွန်ခဲ့သော တူရကီတို့ ရဲ့ လုပ်ရပ်အပေါ် အီရတ်အစိုးရက ကန့်ကွက်ပြီး ဝေဖန်ရှုံ့ချလိုက်ပါတယ်” ဟု ပြောရေးဆို

ခွင့်ရှိသူ ဆဒ်အယ်လ် ဟတ်ဒ်ဒီသီက ထုတ်ပြန်ကြေညာချက်ထဲထွင် ထည့်သွင်းပြောကြားခဲ့သည်။

ဟတ်ဒ်ဒီသီက တူရကီတို့၏ လုပ်ရပ်သည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းဖြစ်ပြီး အီရတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးခြင်းဖြစ်သည်ဟု အီရတ်အစိုးရက ရှုမြင်ကြောင်း ပြောခဲ့သည်။

ဒါ့အပြင် ကသောင်းကနင်းနိုင်သော နယ်စပ်ဖြတ်ကျော် ကျူးလွန်သည့် အဆိုပါလေကြောင်းတိုက်ခိုက်မှုသည် အကြမ်းဖက်ဝါဒကို ခုခံတိုက်ဖျက်နေသော အီရတ်နိုင်ငံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့၏

ကြိုးပမ်းမှုအပေါ် အပျက်သဘောဆောင်သည့် အကျိုးသက်ရောက်မှုရှိသည်ဟု အီရတ်အစိုးရက ထင်မြင်ကြောင်း သူက ဆက်ပြောခဲ့သည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုသည် တူရကီနိုင်ငံ၏ ပြိုင်ဘက်သူပုန်များဖြစ်ကြသော ကာဒစ်စတန်အလုပ် သမားပါတီ (PKK) ၏နေရာများနှင့် ၄င်း၏ ဒေသတွင်းအဖွဲ့ဝင်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်း ဖြစ်သော် လည်း အီရတ်နိုင်ငံရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေမှ ကာ့ဒစ်ရှ် လုံခြံုရေးတပ်ဖွဲ့ဝင် အနည်းဆုံး ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly