တိုက်စစ်မှူးကာဗာနီကို ၂၀၂၀ ခုနှစ်အထိ ပီအက်စ်ဂျီအသင်းစာချုပ် သက်တမ်းတိုး

တိုက်စစ်မှူးကာဗာနီကို ၂၀၂၀ ခုနှစ်အထိ ပီအက်စ်ဂျီအသင်းစာချုပ် သက်တမ်းတိုး

ဧပြီ ၂၆၊ ပြင်သစ် ။                 ။ ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းသည် အသင်း၏အဓိကတိုက်စစ်မှူး ကာဗာနီကို ၂၀၂၀ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးချုပ်ဆိုလိုက်ပြီ ဖြစ်သည်။

ကာဗာနီ၏လက်ရှိစာချုပ်မှာ လာမည့်ရာသီအကုန်တွင်မှ ကုန်ဆုံးမည်ဖြစ်သော်လည်း ၎င်းကို ခေါ်ယူလိုသည့်အသင်းများရှိနေသည့်အတွက် ပီအက်စ်ဂျီအသင်းက လက်ရှိစာချုပ်ကို ၂ နှစ်ခွဲထပ်တိုးကာ ၂၀၂၀ အထိ စာချုပ် ချုပ်ဆိုလိုက်ခြင်းဖြစ်သည်။

စာချုပ်ချုပ်ဆိုပြီးနောက်တွင် ကာဗာနီက ‘ပီအက်စ်ဂျီအသင်းနဲ့စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့လို့ အလွန်ဝမ်းသာပျော်ရွှင်ရပါတယ်။

ဒီအသင်းမှာ ဆက်ပြီးကစားသွားချင်တယ်လို့ ကျွန်တော်အမြဲပြောခဲ့ပါတယ်။ အသင်းရဲ့တာဝန်ရှိသူတွေ၊ ၀န်ထမ်းတွေနဲ့ပရိသတ်တွေအာလုံးဟာ ပီအက်စ်ဂျီအသင်းကို ကမ္ဘာပေါ်မှာ အကြီးကျယ်အခမ်းနားဆုံးအသင်းဖြစ်အောင် ပြုလုပ်နေကြသူတွေပါ။

အရှိန်အဟုန်နဲ့ ကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေဆီဆက်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။ လာမယ့်ရာသီမှာ ပိုပြီးအောင်မြင်တဲ့ အသင်းဖြစ်အောင် အတူတကွကြိုးစားသွားကြပါမယ်’ ဟု ပြောဆိုခဲ့သည်။

ကာဗာနီသည် ပီအက်စ်ဂျီအသင်းအတွက် ပွဲပေါင်း ၁၉၂ ပွဲကစားထားပြီး ၁၂၅ ဂိုးသွင်းယူပေးထားသည်။ ပီအက်စ်ဂျီအသင်းပိုင်ရှင် အယ်လ်ခီလာဖီက ကာဗာနီမှာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတစ်ဦးဖြစ်ကြောင်းချီးကျူးခဲ့သည်။ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly