ချီလီတွင် ပြင်းအား ၆ ဒသမ ၉ အဆင့်ရှိ အားပြင်းငလျင်လှုပ်

ချီလီတွင် ပြင်းအား ၆ ဒသမ ၉ အဆင့်ရှိ အားပြင်းငလျင်လှုပ်

ဧပြီ ၂၅ ။              ။ ချီလီနိုင်ငံ အလယ်ပိုင်းတွင် ဧပြီ ၂၄ ရက်က ရစ်ချက်တာစကေး ၆ ဒသမ ၉ အဆင့်ရှိ အားပြင်း မြေငလျင်တစ်ခု လှုပ်ခဲ့ရာ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရပြီး ပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခိုင်းထားကြောင်း သိရသည်။

ငလျင်လှုပ်ပြီးနောက် လက်ရှိအချိန်ထိ သေဆုံး၊ ထိခိုက်မှု သတင်းများ ထွက်ပေါ်လာသေးခြင်း မရှိသေးသော်လည်း အာဏာပိုင်များက ကမ်းရိုးတန်းဒေသများတွင် နေထိုင်ကြသူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခိုင်းထားသည်။

ချီလီ အမျိုးသား မြေငလျင်တိုင်းတာရေး စင်တာရဲ့ ထုတ်ပြန်ချက်အရ ငလျင်မှာ ဧပြီ ၂၄ ရက် ညနေ ၆ နာရီ ၃၈ မိနစ်က လှုပ်ခဲ့ခြင်းဖြစ်ပြီး ဗယ်လ်ပါရေဆို ဒေသ၏ အနောက်ဘက် ရ၂ ကီလိုမီတာ အကွာတစ်နေရာကို ဗဟိုပြုလှုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အစောပိုင်းက ငလျင် ပြင်းအားကို ၆ ဒသမ ရ အဆင့်ဟု ချီလီအာဏာပိုင်များက ထုတ်ဖော်ခဲ့သော်လည်း နောက်ပိုင်း ၆ ဒသမ ၉ အဆင့်ရှိခဲ့ကြောင်း ပြန်လည်ထုတ်ပြန်ခဲ့သည်။

ယခု ငလျင်လှုပ်ပြီးနောက် ဆူနာမီ အန္တရာယ် မရှိနိုင်ကြောင်း ချီလီ ရေတပ်က ထုတ်ပြန်ထားသော်လည်း ကမ်းရိုးတန်းနေ ပြည်သူများကိုတော့ ကြိုတင်ကာကွယ်သည့်အနေဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခိုင်းထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly