တစ်ကိုယ်ကောင်းဆန်ဆန် ကစားခြင်းကို အလိုမရှိဟု ချယ်လ်ဆီးနည်းပြကွန်တီဆို

တစ်ကိုယ်ကောင်းဆန်ဆန် ကစားခြင်းကို အလိုမရှိဟု ချယ်လ်ဆီးနည်းပြကွန်တီဆို

ဧပြီ ၂၅၊ လန်ဒန်။               ။  ဟာဇက်အနေဖြင့် ပိုပြီးတစ်ကိုယ်ကောင်းဆန်ဆန်ကစားသင့်သည်ဟု ဖာဘရီဂတ်စ်က တိုက်တွန်းထားခြင်းကို ချယ်လ်ဆီးနည်းပြ ကွန်တီက ပယ်ချလိုက်ပြီး ၎င်း၏ဘောလုံးအယူအဆ မဟုတ်ဟု ပြောသည်။

စပါးကိုအနိုင်ရသည့် အက်ဖ်အေဖလားဆီမီးပွဲအပြီးတွင် ဖာဘရီဂတ်စ်က အသင်းဖော်ဟာဇက်အနေဖြင့် တစ်ကိုယ်ကောင်းဆန်ဆန်ပိုကစားပြီး အဆုံးသတ်နိုင်စွမ်းရှိသည့်ပင်ကိုယ်အသိကိုပိုမိုပြသပါက မက်ဆီ၏အဆင့်တန်းမျိုးသို့ ရောက်နိုင်သည်ဟု ပြောဆိုထားသည်။

သို့သော်ကွန်တီက “ကျွန်တော့်အသင်းမှာ တစ်ကိုယ်ကောင်းကစားသမားတွေ မလိုချင်ဘူး။ တစ်ကိုယ်ကောင်းကစားသမားတွေ ပိုင်ဆိုင်ဖို့ထက် ပွဲကိုပဲရှုံးလိုက်ချင်တယ်။

ကျွန်တော့်အတွက် အဲဒီအကြောင်းကိုကြားရတာ ဝမ်းနည်းစရာကောင်းပါတယ်”ဟု ပြောသည်။

ဝင်ဘာလေကွင်းတွင် ချယ်လ်ဆီးအသင်းက စပါးကို ၄-၂ ဂိုးဖြင့်အနိုင်ရခဲ့ရာတွင် ဟာဇက်သည် အရန်ခုံမှထလာပြီးနောက် လက်ရှိရာသီ ၎င်း၏ ၁၅ ဂိုးမြောက်ဂိုးကို အသင်းအတွက်သွင်းယူပေးနိုင်ခဲ့ပြီး ဆုဖလားနှစ်လုံးရရေးကြိုးပမ်းနေမှုတွင် အရေးပါသူ ဖြစ်ကြောင်း ပြသနိုင်ခဲ့သည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly