အိန္ဒိယနိုင်ငံအလယ်ပိုင်းတွင် မော်ဝါဒီသူပုန်များ၏ သတ်ဖြတ်မှုကြောင့် စစ်သား၂၄ ဦးသေဆုံး

အိန္ဒိယနိုင်ငံအလယ်ပိုင်းတွင် မော်ဝါဒီသူပုန်များ၏ သတ်ဖြတ်မှုကြောင့် စစ်သား၂၄ ဦးသေဆုံး

ဧပြီ ၂၅ ။                 ။ ပြီးခဲ့သော တနင်္လာနေ့က ဝေးလံခေါင်သီသော အိန္ဒိယနိုင်ငံအလယ်ပိုင်းတွင် မော်ဝါဒီသူပုန်ဟု သံသယရှိရသူ များသည် ကွန်မန်ဒိုစစ်သား ၂၄ ဦးကို သတ်ဖြတ်ခဲ့ပြီး ၆ ဦးကို ဒဏ်ရာရရှိစေခဲ့ကာ ယင်းဖြစ်ရပ်သည် ကာလ ကြာရှည်စွာ ဖြစ်ပွားနေသော အိန္ဒိယနိုင်ငံ၏ ပြည်တွင်းရေး ပဋိပက္ခများထဲတွင် လူအသေအပျောက်အများဆုံး ဖြစ်စဉ်များထဲမှ တစ်ခုဖြစ်သည်။

စစ်သားများသည် သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ရာ ဒုစရိုက်နယ်မြေဖြစ်သည့် ချာတစ်စ်ဂါ့ဂ် ပြည်နယ်အတွင်းရှိ ဆက်ခ်မာဒေသတွင် လမ်းလုပ်သားများကို   စောင့်ကြပ်ပေးနေခဲ့ခြင်း ဖြစ်ပြီး ထို့နောက်တွင် သဲကြီးမဲကြီး ခြံုခိုတိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

“ကျနော်တို့ အခင်းဖြစ်ပွားရာနေရာမှ အလောင်း ၂၃ လောင်းကို ပြန်လည်ရရှိခဲ့ပြီး စစ်သားတစ်ဦးဟာတော့ ဆေးကုသမှုခံယူနေစဉ်မှာ သေဆုံးသွားခဲ့ပါတယ်” ဟု အကြီးတန်းရဲအရာရှိဖြစ်သူ အာနန်ချာဟတ်ဘရာ က ပြောခဲ့သည်။

ဒါ့အပြင် ဗဟိုအရန်ရဲတပ်ဖွဲ့မှ ကွန်မင်ဒို ၆ ဦးလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဆေးကုသမှုခံ ယူနေရကြောင်း သူက ဆက်ပြောခဲ့သည်။

အခြားရဲအရာရှိဖြစ်သူ ဆူနီလ်တီဝါရီက အိန္ဒိယလုံခြံုရေးတပ်ဖွဲ့များသည် ပျောက်ဆုံးနေသော တပ်သားများကို ဆက်လက်ရှာဖွေနေကြောင်းနှင့် သူပုန်များသည် ခြံုခိုတိုက်ခိုက်မှုအတွင်း လက်နက်များကိုလည်း ခိုးယူသွားခဲ့ ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

၀န်ကြီးချုပ်ဖြစ်သူ နာရန်ဒရာမိုဒီက အဆိုပါတိုက်ခိုက်မှုအား ဝေဖန်ရှု့ံချခဲ့ပြီး ကွယ်လွန်သွားသော တပ်သားများ ၏ မိသားစုများနှင့် အတူထပ်တူထပ်မျှ ၀မ်းနည်းကြောင်း ပြောခဲ့ကာ တပ်သားများ၏ အသက်စွန့် အနစ်နာခံရမှု သည် အချည်းအနှီးဖြစ်သွားမှာ မဟုတ်ကြောင်း ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly