မင်းလှတွင် စစ်ကျန် လေယာဉ်ဗုံးဟုထင်ရသော ဗုံးသီးဟောင်းတွေ့ရှိ

မင်းလှတွင် စစ်ကျန် လေယာဉ်ဗုံးဟုထင်ရသော ဗုံးသီးဟောင်းတွေ့ရှိ

မ​ကွေးတိုင်​​ဒေသကြီး မင်​းလှမြို့နယ်​ ​ရေနံမရဲစခန်​းအပိုင်​နယ်​​မြေ ဘန်​့ပြင်​​ရွာတောင်​ဘက်​ ၃ဖာလုံခန့်​့အကွာ ​ရေကြည်​ ချောင်​း​ဘေး သဲ​သောင်​ပြင်​​ပေါ်တွင် လက်​ယက်​​ရေတွင်​းတူး​ဖော်​ရာမှ စစ်​ကျန်​ ​လေယာဉ်​ဗုံးဟုထင်​ရ​သော ဗုံးသီး​ဟောင်​းတစ်​လုံး​တွေ့ရှိ​ကြောင်​း သတင်​းရရှိသည်။

ဧပြီ ၂၃ ည​နေ ၄နာရီ ခွဲ ခန်​့က ဘန်​့ပြင်​​ကျေးရွာ ရာအိမ်​မှူး ဦးအုန်​း​ကျော်​မြင်​့ မှ​ချောင်​း​ဘေး သဲ​သောင်​ပြင်​၌ လက်​ယက်​​ရေတွင်​းတူး​ဖော်​ရာ အရှည်​ ၂​ပေ ၆ လက်​မ လုံးပါတ်​ ၂​ပေ ၉ လက်​မ အ​လေးချိန်​ ၈၀ ပိဿာခန်​့ ဗုံးသီး​ဟောင်​းတစ်​လုံး​တွေ့ရှိခဲ့သည်။

ဦးအုန်းကျော်မြင့်မှ ရှမ်​းတပ်​ရဲကင်​း သို့သွားရောက်​ အ​ကြောင်​းကြားသဖြင်​့ ရဲကင်​းမှုး ရဲအုပ်​ သက်​နိုင်​ဦး နှင်​့ အဖွဲ့တို့မှ သွား​ရောက်​ စစ်​​ဆေးသယ်​​ဆောင်​ကာ ကပစ (၂) မလွန်​သို့ သွား​ရောက်​အပ်​နှံခဲ့ရာ အမျိုး အမည်​မသိ စစ်​ကျန်​​လေ ယာဉ်​ဗုံးသီး​ဟောင်​း ဖြစ်​​ကြောင်​း ကပစ( ၂ )မလွန်​မှအရာရှိတစ်​ဦးက ပြောကြောင်း ​ရေနံမနယ်​​မြေ ရဲစခန်​းမှူးရဲအုပ်​ မျိုးမင်​းထွန်​းကပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly