ကျံုးရေပြင်အတွင်း သားအမိနှစ်ဦး ခုန်ချမှု၌ အသက်မသေဘဲ ကျန်ရစ်သော ကလေးငယ် ဧပြီ ၂၂ရက်က သေဆုံး

ကျံုးရေပြင်အတွင်း သားအမိနှစ်ဦး ခုန်ချမှု၌ အသက်မသေဘဲ ကျန်ရစ်သော ကလေးငယ် ဧပြီ ၂၂ရက်က သေဆုံး

ရန်ကုန်၊ ဧပြီလ ၂၄ ။              ။ မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ ကျံုးရေပြင်အတွင်းသို့ သားအမိနှစ်ဦး ခုန်ချသေဆုံးမှုဖြစ်စဉ်တွင် အသက် မသေဘဲ ကျန်ရစ်ခဲ့သော အသက် ရ လအရွယ် ကလေးငယ်မှာ ဆေးကုသမှုခံယူရင်း ဧပြီလ ၂၂ ရက်တွင် သေဆုံးသွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ဧပြီလ ၂၄ ရက်က ထုတ်ပြန်သည်။

ဧပြီ ၂၁ ရက် မွန်းလွဲ ၁ နာရီခန့်က အသက် ၂ဝ အရွယ် မအေးစုစုထွေးမှာ အသက် ရ လ အရွယ် သားဖြစ်သူ ရှိုင်းအာကာအောင်ကို ပွေ့ချီပြီး မန္တလေးမြို့ အောင်မြေသာစံမြို့နယ် လမ်း ၈ဝ၊ ၁၃ လမ်းကြားရှိ ကျုံးရေပြင် အတွင်းသို့ ခုန်ချကာ သေကြောင်းကြံစဉ်ခဲ့ခြင်းဖြစ်သည်။

သေကြောင်းကြံစဉ်ခဲ့သော သားအမိနှစ်ဦးမှ မိခင်ကို သေဆုံးလျက်ဆယ်ယူရရှိခဲ့ပြီး ကလေးငယ်မှာ အသက်ရှင်လျက်ကယ်ဆယ်ရရှိခဲ့သည့်အတွက် ခုတင် ၅၅ဝဆံ့ ကလေးဆေးရုံကြီးတွင်   ဆေးဝါးကုသပေးနေစဉ် ဧပြီ ၂၂ ရက် မွန်းတည့် ၁၂ နာရီတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး သေဆုံးခဲ့သော မအေးစုစုထွေးကို ရင်ခွဲစစ်ဆေးမှုများပြုလုပ်ထားကာ သေမှုသေခင်းအမှတ်စဉ် ၁၈/ ၂ဝ၁၇ ဖြင့် မှတ်တမ်းတင်ထားပြီး ကလေးငယ်သေဆုံးမှုအတွက် (ပ) ၁၉/ ၂ဝ၁၇ ဖြင့် အမှတ် ၂ နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly