ဆီးရီးယားစစ်စခန်းသို့ အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် ၃ ဦးသေဆုံး

ဆီးရီးယားစစ်စခန်းသို့ အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် ၃ ဦးသေဆုံး

 ဧပြီ ၂၃ ။               ။ ယနေ့တနင်္ဂနွေနေ့တွင် ဂိုလန်တောင်ကုန်းများ အနီးရှိ ဆီးရီးယားအစိုးရအား ထောက်ခံသော တပ်ဖွဲ့များ အခြေစိုက်ရာ စစ်စခန်းသို့ အစ္စရေးတို့ဘက်မှ တိုက်ခိုက်မှုကြောင့် တိုက်ခိုက်ရေးသမား ၃ ဦးခန့် သေဆုံးခဲ့ရကြောင်း တပ်ဖွဲ့ထဲမှ အရာရှိများက ပြောခဲ့သည်။

ဆီးရီးယားနိုင်ငံ အနောက်တောင်ပိုင်း Quneitra မြို့အနီးရှိ အယ်လ်ဖော်ဝါ စစ်စခန်းသို့ အစ္စရေးတို့ဘက်မှ တိုက်ခိုက်ခဲ့မှုကြောင့် ဒဏ်ရာရရှိသူ ၂ ဦးလည်း ရှိခဲ့ကြောင်း အရာရှိများက ပြောခဲ့ပြီး လေကြောင်းမှ တိုက်ခိုက်ခဲ့သလား၊ အမြှောက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သလား ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေး ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့က အဆိုပါတိုက်ခိုက်မှုသည် တနင်္ဂနွေနေ့ အစောပိုင်း တွင် ဖြစ်ပွားခဲ့ကြောင်း အတည်ပြုခဲ့သော်လည်း ဆက်လက်ပြီး အသေးစိတ်ပြောကြားခဲ့ခြင်း မရှိကြောင်း သိရ သည်။

ဂိုလန်တောင်ကုန်းများ၏ မြောက်ဘက်ခြမ်းသို့ စက်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရမှုကြောင့် ဆီးရီးယား နိုင်ငံအတွင်းရှိ တပ်စွဲထားရာနေရာများကို လက်တုန့်ပြန်သည့်အနေဖြင့် ပစ်မှတ်ထား တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ပြီးခဲ့သော သောကြာနေ့တွင် အစ္စရေးစစ်တပ်က ပြောခဲ့သည်။

ဆီးရီးယား အာရပ်သတင်းဌာန SANA က အစ္စရေးတို့သည် ဂိုလန်ကုန်းပြေမြင့် ဒေသရှိ Quneitra ခရိုင်မှ ဆီးရီးယားစစ်တပ်၏ တပ်စွဲထားရာနေရာကို တိုက်ခိုက်ခဲ့ပြီး ပျက်ဆီးဆုံးရှုံးမှုများ ရှိခဲ့ကြောင်း ကြေညာခဲ့သည်။

ဆီးရီးယားအစိုးရသည် သူပုန်တပ်ဖွဲ့များနှင့် ဂျီဟတ်ဝါဒီအဖွဲ့တို့အား အကြမ်းဖက်သမားများဟု အမည်တပ်ခေါ် ဝေါ်ထားပြီး အစ္စရေးတို့သည် ၄င်းအဖွဲ့များအား ထောက်ပံ့ပေးနေကြောင်း စွပ်စွဲလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly