ဆောက်သမ်တန်နှင့်ပွဲမှာ စပါးနှင့် အက်ဖ်အေဖလားပွဲထက် ပိုအရေးကြီးသည်ဟု ဖာဘရီဂက်စ်ပြော

ဆောက်သမ်တန်နှင့်ပွဲမှာ စပါးနှင့် အက်ဖ်အေဖလားပွဲထက် ပိုအရေးကြီးသည်ဟု ဖာဘရီဂက်စ်ပြော

ဧပြီ ၂၃၊ အင်္ဂလန် ။              ။ စပါးအသင်းကို အနိုင်ရခဲ့သည့် အက်ဖ်အေဖလားပွဲစဉ်တွင် အလှည့်ကျစနစ်ကို အသုံးပြုခဲ့သော နည်းပြကွန်တီ၏နည်းဗျူဟာကို ချယ်လ်ဆီးကွင်းလယ်ကစားသမားဖာဘရီဂက်စ်က ထောက်ခံလိုက်ပြီး လာမည့် ဆောက်သမ်တန်နှင့်ပွဲစဉ်မှာ စပါးနှင့်ပွဲထက် ပိုအရေးကြီးသည်ဟု ပြောဆိုလိုက်သည်။

စပါးနှင့်ပွဲတွင် ချယ်လ်ဆီးနည်းပြကွန်တီသည် ဟက်ဇက်နှင့်ဒီယေဂိုကော်စတာတို့ကို အရန်အဖြစ်သာထားခဲ့ပြီး ဒုတိယပိုင်းတွင်မှ ထည့်သွင်းအသုံးပြုခဲ့သည်။ ဟက်ဇက်နှင့်ကော်စတာတို့ ၀င်လာသည့်အချိန်တွင် တစ်ဖက်နှစ်ဂိုးစီသရေကျနေခဲ့ပြီး ထို့နောက်တွင် ဟက်ဇက်က တစ်ဂိုး၊ မာတစ်က တစ်ဂိုးသွင်းယူကာ ချယ်လ်ဆီးက ၄-၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။

'စပါးကို အနိုင်ရခဲ့တာက ပရီးမီးယားလိဂ်မှာ အထောက်အကူဖြစ်မယ်လို့ ကျွန်တော်မယုံကြည်ပါဘူး။ ဒီပြိုင်ပွဲနှစ်ခုက ကွဲပြားခြားနားပါတယ်။ အက်ဖ်အေဖလားမှာ တစ်နေ့နေ့တော့ ဗိုလ်လုပွဲကို ရောက်အောင်သွားနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ လာမယ့် ဆောက်သမ်တန်နဲ့ပွဲက ပိုအရေးကြီးပါတယ်။

ဒီနေ့ပွဲက အလွန်ပြိုင်ဆိုင်မှုပြင်းပါတယ်။ စပါးဟာ တကယ်ကောင်းတဲ့အသင်းပါ။ ဒီနေ့မှာ အနိုင်ရလို့ ပျော်ပါတယ်။ ဒီရာသီက အခြားရာသီတွေနဲ့မတူညီပဲ ခြားနားပါတယ်။ ထူးခြားတဲ့ နှစ်တစ်နှစ်ပါ။ ဒီနေ့မှာ ပွဲထွက်ကစားသွားကြတဲ့ ၀ီလျံ၊ အကီနဲ့ ဘတ်ရှုအာယီတို့ရဲ့ခြေစွမ်းက တကယ်ကောင်းပါတယ်။ လာမယ့်အင်္ဂါနေ့မှာ ဒီခြေစွမ်းကို ဆက်ထိန်းနိုင်ဖို့ ကြိုးစားရပါမယ်' ဟု ဖာဘရီဂက်စ်က ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags