ရီးယဲလ်တွင် လာကစားရန် လီဝန်ဒေါစကီးကို စီရော်နယ်ဒိုနှင့်ရာမို့စ်တို့ ကမ်းလှမ်း

ရီးယဲလ်တွင် လာကစားရန် လီဝန်ဒေါစကီးကို စီရော်နယ်ဒိုနှင့်ရာမို့စ်တို့ ကမ်းလှမ်း

ဧပြီ ၂၂၊ အင်္ဂလန် ။          ။ ဘိုင်ယန်တိုက်စစ်မှူး လီဝန်ဒေါစကီးကို ရီးယဲလ်တွင် လာရောက်ကစားရန် စီရော်နယ်ဒိုနှင့်ရာမို့စ်တို့က ကမ်းလှမ်းခဲ့သည်ဟု စပိန်သတင်းစာ အေအက်စ်က ဖော်ပြလိုက်သည်။

ရီးယဲလ်အသင်းက ဘိုင်ယန်အသင်းကို ၄-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်အပြီးတွင် စီရော်နယ်ဒိုနှင့်ရာမို့စ်တို့က လီဝန်ဒေါစကီးနှင့် စကားပြောဆိုခဲ့ပြီး ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။ ရီးယဲလ်အသင်းမှာ လီဝန်ဒေါစကီး၏ကစားသမားဘဝအနာဂတ်အတွက် အကောင်းဆုံးအသင်းဖြစ်သည်ဟု စီရော်နယ်ဒိုက ပြောဆိုခဲ့ကြောင်း အေအက်စ်သတင်းစာက ဆိုခဲ့သည်။

အသက် ၂၈ နှစ်အရွယ်ရှိ လီဝန်ဒေါစကီးသည် ယခုနှစ်တွင် ဘိုင်ယန်မြူးနစ်အသင်းအတွက် ၄၆ ပွဲတွင် ၄၇ ဂိုးအထိသွင်းယူပေးထားသူ ဖြစ်သည်။

စီရော်နယ်ဒိုနှင့် ရာမို့စ်တို့က ကမ်းလှမ်းခဲ့သော်လည်း လီဝန်ဒေါစကီးမှာ တစ်ပတ်လုပ်ခလစာငွေ ပေါင်သုံးသိန်းနီးပါးဖြင့် ပြီးခဲ့သည့်ဒီဇင်ဘာလက ဘိုန်ယန်နှင့် ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးထားသူ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly