ဂုတ်ကြီး ရဲစခန်းနယ်မြေအတွင်း ဘင်္ဂါလီ ၅ ဦးနှင့် လိုက်ပါပို့ဆောင်သူ ၆ ဦးတို့အား ဖမ်းဆီး

ဂုတ်ကြီး ရဲစခန်းနယ်မြေအတွင်း ဘင်္ဂါလီ ၅ ဦးနှင့် လိုက်ပါပို့ဆောင်သူ ၆ ဦးတို့အား ဖမ်းဆီး

ငဖဲ၊ ဧပြီလ ၂၂ ရက် ။            ။ ဧပြီလ ၂၂ ရက် နံနက် ၄ နာရီအချိန်ခန့်က မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးရဲစခန်းနယ်မြေအတွင်း တရားမဝင်ဖြတ်ကျော်လာသည့် ဘင်္ဂါလီ ၅ ဦးနှင့် လိုက်ပါပို့ဆောင်သူ ၆ ဦးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း ဂုတ်ကြီးရဲစခန်းမှ သိရသည်။

ယင်းသို့ ဖမ်းဆီးရမိခြင်းမှာ ဂုတ်ကြီးရဲစခန်းမှ သတင်းပေးပို့ချက်အရ ဧပြီလ ၂၂ ရက် နံနက်ပိုင်းက အဖွဲ့ ၃ ဖွဲ့ခွဲပြီး ကင်းပုန်းစောင့်ဆိုင်းနေစဉ် အမ်း-မင်းဘူး လမ်းအတိုင်း ဖြတ်ကျော်လာသော မသင်္ကာဖွယ် ကားတစ်စီးနှင့် လမ်းပြအဖြစ် လိုက်ပါလာခဲ့သည့် မော်တော်ဆိုက်ကယ် သုံးစီးတို့အား စစ်ဆေးရာမှ ဖမ်းဆီနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဂုတ်ကြီးရဲစခန်းမှ ရဲအုပ်ကျော်မိုးက ပြောသည်။

“ကားပေါ်မှာ ဘင်္ဂါလီ ၅ ဦးနဲ့ တစ်ခြား ၆ ဦးတို့ပါတယ်။ ဘင်္ဂါလီတွေကတော့ ကျောက်တော်မြို့နယ်က ဖြစ်ပါတယ်။”ဟု ရဲအုပ်ကျော်မိုးက ဆိုသည်။

ဖမ်းဆီးရမိသည့် ဘင်္ဂါလီ ၅ ဦးမှာ ကျား ၄ ဦးနှင့် မ ၁ ဦးတို့ဖြစ်ပြီး ယာဆင် ၂၆ နှစ်၊ ရွှေလှိုင် ကျေးရွာ၊ မာမွတ်ဂျုနိုက်၊ ၂၄ နှစ်၊ ရတနာပုံအလယ်ကျေးရွာ၊ ကာလာ ၂၅ နှစ်၊ ဆင်အိုးပေါက်ကျေးရွာ၊ မာမွတ်ရော်ရှီ ၃၃ နှစ်၊ အထက်ပိုက်သည်ကျေးရွာ နှင့် မအုံမော့ဂျော်မီ ၂၂ နှစ်၊ အထက်ပိုက်သည်ကျေးရွာ၊ တို့ဖြစ်ကြောင်းလည်း သိရသည်။

"ဘင်္ဂလီတွေက ကျောက်တော်ကနေ ရန်ကုန်ကိုသွားကြတာပါ။ ပို့ခအဖြစ် တစ်ယေက်ကို ငွေကျပ် ၁၅ သိန်းနဲ့ ခေါ်လာခဲ့ကြတာဖြစ်ပါတယ်။"ဟု ရဲအုပ်ကျော်မိုး၏ ပြောပြချက်အရသိရ သည်။

လိုက်ပါပို့ဆောင်သူ သုံးဦးတို့မှာ ညောင်လေးပင်မြို့နယ်မှ တစ်ဦး၊  တောင်ဥက္ကလာပ ရန်ကုန်တိုင်းမှ တစ်ဦးနှင့် ရခိုင်ပြည်နယ် အမ်းမြို့နယ်မှတစ်ဦးတို့ ဖြစ်ကြောင်းသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဂုတ်ကြီးရဲစခန်းမှ စစ်ဆေးချက်များအရ လိုက်ပါပို့ဆောင်သူ ၆ ဦးအနက် ၃ ဦးမှာ ဆိုင်ကယ်များဖြင့် လမ်းပြအဖြစ် လိုက်ပါပို့ဆောင်ကြသူများ ဖြစ်ကြောင်းနှင့် အမှုဖွင့်အရေးယူမှုများ   ဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ဆောင် ရွက်လျှက်ရှိကြောင်းလည်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly