သကြားစက်ဝန်ထမ်းများ အလုပ်ထုတ်ခံရမှုအတွက် အလုပ်သမားဖျန်ဖြေရေးအဖွဲ့သို့ တင်ပြတိုင်တန်း

သကြားစက်ဝန်ထမ်းများ အလုပ်ထုတ်ခံရမှုအတွက် အလုပ်သမားဖျန်ဖြေရေးအဖွဲ့သို့ တင်ပြတိုင်တန်း

ပဲခူးတိုင်း ပြည်ခရိုင် ပြည်​မြို့၊ မြရွာ​ကျေးရွာရှိ သကြားစက်​ အလုပ်သမားအချို့ကို နစ်နာကြေး၊ လျော်ကြေး၊ ခံစားခွင့်မပေးဘဲ အလုပ်ထုတ်ခဲ့သည့်အတွက် ဧပြီလ ၂၀ ရက် နေ့စွဲဖြင့် မြို့နယ်အလုပ်သမား ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ တင်ပြတိုင်တန်း ထားကြောင်း အလုပ်သမားများဘက်မှ လိုက်ပါဆောင်ရွက်သူ ကိုဇော်ထွန်း (HRDP)က ပြောသည်။

“အလုပ်သမားတွေ အလုပ်ထုတ်တာ ဥပဒေနဲ့ မညီဘူး။ နစ်နာကြေးနဲ့ လုပ်သက်ခံစားခွင့် ပေးတာလည်းမရှိဘူး” ဟု အလုပ်သမားများဘက်မှ လိုက်ပါဆောင်ရွက်သူ ကိုဇော်ထွန်း (HRDP)က ဆိုသည်။

ပြည်​မြို့နယ် ကုန်းသလင်းကျေးရွာ အုပ်စု မြရွာကျေးရွာ အမှတ် (၁၂) နဝဒေးသကြားစက်တွင် မတ်လ အတွင်းက စက်ရုံအလုပ်သမား အများအပြားကို အလုပ်ထုတ်ခဲ့သည်။ အလုပ်ထုတ်ခံရသူများအနက်  အလုပ်သမား ၁၇ ဦးက ပြန်လည်တိုင်တန်းခဲ့ခြင်းဖြစ်သည်။

တိုင်တန်းသူ ၁၇ ဦးသည် အမျိုးသား အလုပ်သမားများဖြစ်ပြီး ၎င်းစက်ရုံတွင် အနည်းဆုံး ၂ နှစ် မှ ၉ နှစ်အထိ အလုပ်လုပ် ကိုင်ခဲ့သူများဖြစ်ပြီး လုပ်ငန်းခွင်ပြစ်ချက် တစ်စုံတစ်ရာ မရှိကြောင်း ကိုဇော်ထွန်းက ပြောသည်။

အမြဲတမ်​းအလုပ်​သမား ၃ဦး နှင့် ရာသီချိန် ဆက်ခန့် လုပ်သားများကို ဝန်ထမ်းအင်အားလျော့သည့် အနေဖြင့် အလုပ်ထုတ်ခဲ့ရ​ကြောင်​း အမြဲတမ်​းအလုပ်​သမားများအတွက်​ နစ်နာကြေး ၃လစာအပြင် လုပ်သက်ခံစားခွင့် ၁နှစ််စာအတွက် ၂သောင်း အပိုထပ်ဆောင်းပေးထားပြီး၊ ရာသီချိန်ဆက်ခန့် လုပ်သား ၅ နှစ်လုပ်သက်အထက် ရှိသူများကို နစ်နာကြေး ၁လစာပေးကြောင်း စက်ရုံတာဝန်ရှိသူက ဆိုသည်​။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly