မုံုးကိုး သင်းထောက်ဆရာ နှစ်ဦးအမှု တရားစွဲအဖွဲ့ ရုံးချိန်းသို့ မရောက်လာသဖြင့် စစ်ဆေးရန် ကြန့်ကြာနေ

မုံုးကိုး သင်းထောက်ဆရာ နှစ်ဦးအမှု တရားစွဲအဖွဲ့ ရုံးချိန်းသို့ မရောက်လာသဖြင့် စစ်ဆေးရန် ကြန့်ကြာနေ

ချင်းမုုိင်၊ ဧပြီ ၂၀  ။       ။ တပ်မတော်မှ ဖမ်းဆီးခဲ့သော ဘာသာရေးဆရာ ဦးဒွမ်ဒေါ့ နောင်လတ်နှင့် ဦးလန်ဂျော်ဂမ်ဆုုိင်းတုုိ့ အမှု ရုံုးချိန်းတွင် တရားလုုိဘက်မှ တရားရုံုးသုုိ့ ​ရောက်မလာသဖြင့် စစ်ဆေးမှုမရှိဘဲရုံုးချိန်းသာပေးနေသဖြင့် တရားခံများဘက်မှ ကုုစားမှုတစ်စုံုတစ်ရာရရှိရန် လျှောက်ထားမည်ဖြစ်ကြောင်း ရှေ့နေ ဦးဘရန်ဒီးက မဇ္ဈိမကို ပြောသည်။

လာမည့် ဧပြီလ ၂၅ ရက်တွင် ရုံုးချိန်းသုုိ့ တရားလုုိ သက်သေများ ရောက်လာခြင်း မရှိဘဲ စစ်ဆေးမှု မရှိပါက တရားခံများ၏ ရှေ့နေဘက်မှ တောင်းဆုုိသွားမည်ဟု သူက မဇ္စျိမကုုိ ပြောသည်။

သူတုုိ့ နှစ်ဦးကုုိ ပုုဒ်မ ၁၇/၁ နှင့် ပြန်ဆက် ပုုဒ်မ ၅၀၀ တုုိ့ကုုိ တပ်မတော်မှ ဗုုိလ်မှူးကျော်ဇင်ထွန်းက တရားလိုု ပြုလုုပ်ထားပြီး ပုုိ့ကုုန် သွင်းကုုန် အက်ဥပဒေ ပုုဒ်မ ၈ ကုုိမူ မူဆယ်မြို့နယ် ရဲစခန်းမှ စခန်းမှူး ဒုုရဲမှူး အေးမြင့်က တရားလိုု ပြုလုုပ်ထားခြင်း ဖြစ်သည်။

“ကျနော်တိုု့ ပြီးခဲ့တဲ့ ရုံုးချိန်းတွေကြတော့ နယ်မြေမအေးချမ်းတာရော ဆုုိတော့ ရုံုးချိန်းအနေအထားအရ စစ်ဖုုိ့လည်း ခက်တယ်။ အဲဒါကြောင့် ကျနော်တိုု့လည်း ဘာမှမပြောဘူး။ ဒီတခါတော့ တအား ကြာလာပြီဆုုိတော့ ဒီတပတ် မလာဘူးဆုုိရင်တော့ ကျနော်တုုိ့ ကုုစားမှု တခုုခုုပေးဖုုိ့လျှောက်ထားဖုုိ့ ရှိပါတယ်”ဟုု သူက ပြောသည်။

သူက ဆက်လက်ပြီး “တရားလုုိတွေကုုိ မစစ်ဘူးဆုုိရင်လည်း ကျနော်တုုိ့ကတော့ ပြောရမယ်။ ရုံုးချိန်းတွေ များနေပြီ။ တရားလုုိ မလာဘူးဆုုိရင်လည်း ကျနော်တိုု့ စွတ်စွဲခံရတဲ့ လူတွေကုုိ လွတ်ရင်လည်း လွတ် မလွတ်ဘူးဆုုိရင် အာမခံပေးပေါ့။ တခုုခုုတော့ ပြောရတာပေါ့”ဟုု သူက ပြောသည်။

ဘာသာရေးဆရာ ဦးဒွမ်ဒေါ့နောင်လတ်နှင့် ဦးလန်ဂျော်ဂမ်ဆုုိင်းတုုိ့အမှုတွင် တရားလုုိဘက်မှ သက်သေ ၁၀ ဦးအား စစ်ဆေးရန် စာရင်းပေးထားပြီး ထုုိအထဲမှ သက်သေခံ ပစ္စည်းများကုုိ ရှာဖွေသက်သေအဖြစ် လက်မှတ်ရေးထုုိးခဲ့သူ ဦးအုုိက်စာဆုုိသူက တစ်ဦးကုုိသာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က စစ်ဆေးနုုိင်ခဲ့သေးကြောင်း သိရသည်။

သူတိုု့၏ အမှု စစ်ဆေးရန်အတွက် တရားလုုိဘက်မှ မူဆယ် တရားရုံုးမှ လားရှိူးတရားရုံုးသိုု့ ပြောင်းရွှေ့ရန် ရှမ်းပြည်နယ်လွှတ်တော်ချုပ်သုုိ့ လျှောက်ထားခဲ့သော်လည်း ယနေ့ထိ အမိန့်မကျသေးသလုုိ၊ တရားလုုိ သက်သေများလည်း တရားရုံုးသုုိ့ ရောက်လာခြင်း မရှိသဖြင့် စစ်ဆေးနုုိင်ခြင်း မရှိကြောင်း ရှေ့နေ ဦးဘရန်ဒီးက ပြောသည်။

“တရားစွဲအဖွဲ့အစည်း ရဲက အဓိက လျှောက်တာပေါ့နော်။ သူတုုိ့လျှောက်ထားတဲ့အချိန်မှာ ဘာမှမထူးခြားတဲ့အခါကြတော့ အဲဒီသက်သေတယောက်က လားရှိူးမှာ မလုုိက်နုုိင်ဘူး။ မူဆယ်မှာပဲအစစ်ခံမယ်ဆုုိလုုိ့ ကျနော်တုုိ့အဲဒီတယောက်ကုုိစစ်ရတာ။ ခုုထိ ရှာဖွေသက်သေတယောက်ကုုိ စစ်ပြီးပြီ။ အဲဒီနောက် မစစ်သေးဘူး။ အဲဒီအမိန့်မကျမချင်း မူဆယ်တရားရုံုးမှာ သက်သေလည်း မလာဘူး။ မလာဘဲနဲ့ ရုံုးချိန်းပဲပေးနေတယ်”ဟုု ရှေ့နေ ဦးဘရန်ဒီးက ပြောသည်။

ဧပြီလ ၆ ရက်နေ့က ရုံုးချိန်းသိုု့ တရားလုုိ သက်သေများ စစ်ရန် ဖြစ်သော်လည်း ရောက်မလာသဖြင့် စစ်ဆေးနုုိင်ခြင်း မရှိခဲ့ပေ။ ထုုိ့ပြင် ပြီးခဲ့သည့် မတ်လ ၆ ရက်၊ ၂၀ ရက် ရုံုးချိန်းများတွင်လည်း တရားလုုိ သက်သေဘက်မှ ရောက်လာခြင်း မရှိခြင်း စစ်ဆေးနုုိင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

ဦးဒွမဒေါ့နောင်လတ်နှင့် ဦးလန်ဂျော်ဂမ်ဆုုိင်းတုုိ့ကုုိ မတရားအသင်း ဆက်သွယ်မှု ပုုဒ်မ ၁၇/၁ နှင့် ပုုိ့ကုုန်သွင်းကုုန် အက်ဥပဒေ ပုုဒ် ၈ တုုိ့ဖြင့် တရားစွဲဆုုိထားသလုုိ၊ ဦးဒွမ်ဒေါ့နောင်လတ်ကုုိမူ တပ်မတော်အား ဂုုဏ်သရေ ညိုးနွမ်းစေသည်ဟုုဆုုိကာ ပြစ်မှုဆုုိင်ရာ ဥပဒေ ပြန်ဆက် ပုုဒ်မ ၅၀၀ ဖြင့်် တရားစွဲဆုုိထားခြင်း ဖြစ်သည်။

၂၀၁၆ ခုုနှစ် ဒီဇင်ဘာလ ၂၄ ရက်က ဆရာ နှစ်ဦးသည် မုံုးကုုိးမြို့ရှိ တပ်မတော် ဗျူဟာကုုန်းအနီးတွင် ပျောက်ဆုံုးခဲ့သည်။ ၂၀၁၇ ခုုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် သူတိုု့နှစ်ဦးအား ကချင်လွတ်လပ်ရေးတပ်(KIA)အတွက် ငွေကြေးထောက်ပံ့ကူညီပေးခြင်း၊ သတင်းပေးခြင်းနှင့် လူသစ်စုုဆောင်းပေးခြင်းနှင့် မဟုုတ်မမှန် လုုပ်ကြံဝါဒ ဖြန့်ဆောင်ရွက်ခြင်းကြောင့် ဖမ်းဆီးထားသည်ဟုု ကာကွယ်ရေးဦးစီးချုပ်ရုံုးက တရားဝင် သတင်းထုုတ်ပြန်ခဲ့သည်။

သူတုုိ့ နှစ်ဦးသည် ၂၀၁၆ ခုုနှစ် နုုိဝင်ဘာလ ၂၀ ရက်က စတင်ဖြစ်ပွားခဲ့သော မြောက်ပုုိင်းမဟာမိတ်တပ်မတော်နှင့် တပ်မတော်တုုိ့အကြား တုုိက်ပွဲဖြစ်ပွားချိန် ပြည်တွင်းမှ ဧရာဝတီ၊ ဒီဗွီဘီနှင့် ကုုမုုဒြာ သတင်းဌာနမှ သတင်းထောက်များအား မုံုုးကုုိးမြို့ပေါ် ပျက်ဆီးဆုံုးရှုံုးမှုများကုုိ လုုိက်လံပြသခဲ့သည်ဟုု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly