ချင်းမုုိင်၊ ဧပြီ ၁၉ ။ ။ မြန်မာအစုုိးရနှင့် တွေ့ဆုံုဆွေးနွေးရန်အတွက် တုုိင်းရင်းသား လက်နက်ကုုိင် တော်လှန်ရေးအဖွဲ့အစည်း ရ ဖွဲ့ဖြင့် “ပြည်ထောင်စုု နုုိင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ” ကုုိ ဖွဲ့စည်းခြင်း အပါအဝင် မူဝါဒနှင့် ဘုံုရပ်တည်ချက်စာတမ်းကုုိ ၅ ရက်ကြာ ကျင်းပသော ထိပ်သီးအစည်းအဝေးတွင် သဘောတူဆုံုးဖြတ်ခဲ့ကြသည်။
တတိယအကြိမ် ထိပ်သီးအစည်းအဝေးတွင် ယာယီဖွဲ့စည်းလုုိက်သော နုုိင်ငံရေးဆွေးနွေးမှုကော်မတီကုုိ ယခုု စတုုတ္ထအကြိမ်အစည်းအဝေးတွင် ပြည်ထောင်စုု နုုိင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီအဖြစ် တရားဝင် ဖွဲ့စည်းလုုိက်ခြင်း ဖြစ်သည်။
ကော်မတီနှင့် ၎င်းကော်မတီ၏ အောက်တွင် ထားရှိမည့် အတွင်းရေးမှူးအဖွဲ့နှင့် ဆွေးနွေးရေးကုုိယ်စားလှယ်အဖွဲ့ကုုိလည်း အတည်ပြု ဖွဲ့စည်းလုုိက်ပြီး ကော်မတီ၏ စည်းမျဉ်းစည်းဥပဒေကိုုလည်း အတည်ပြုလုုိက်ကြောင်း အစည်းအဝေးအပြီး ထုုတ်ပြန်လုုိက်သော ကြေငြာချက်တွင် ဖော်ပြထားသည်။
“နုုိင်ငံရေးဆွေးနွေးမှုအပေါ် တုုိင်းရင်းသားလက်နက်ကုုိင်တော်လှန်ရေးအဖွဲ့အစည်းများ၏ အထွေထွေမူဝါဒနှင့် ရပ်တည်ချက်ကုုိ အတည်ပြု၍ ပြည်ထောင်စုု နုုိင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီမှ ပြည်ထောင်စုုသမ္မတ မြန်မာနုုိင်ငံတော်နှင့် ဆွေးနွေးညှိနှိုင်းမည့် ဘုံုစာတမ်းအဖြစ် အတည်ပြုလုုိက်သည်”ဟုု ထုုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းကော်မတီတွင် UWSP အပါအဝင် ကချင် လွတ်လပ်ရေးအဖွဲ့ (KIO)၊ ရှမ်းပြည်တုုိးတက်ရေးပါတီ (SSPP) ၊ အမျိုသား ဒီမုုိကရေစီ မဟာမိတ်တပ်(မုုိင်းလား)-(NDAA)၊ မြန်မာအမျိုးသား ဒီမုုိကရေစီ မဟာမိတ်တပ်-ကုုိးကန့်တပ်ဖွဲ့ (NMDAA)၊ ပလောင်အမျိုသားလွတ်မြောက်ရေးတပ် (TNLA)၊ရက္ခိုင်လက်နက်ကိုင်အဖွဲ့ (AA)တုုိ့ဖြင့် ဖွဲ့စည်းခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုု နုုိင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ၏ အဖွဲ့ဝင် အဖွဲ့အစည်းများသည် အစုုိးရနှင့် တွေ့ဆုံုဆွေးနွေးရာတွင် တစ်ဖွဲ့ချင်းဆွေးနွေးခြင်း မပြုဘဲ ကော်မတီ၏ အမည်ဖြင့်သာ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
၎င်းတိုု့၏ ဘုံုစာတမ်းကုုိ မြန်မာနိုုင်ငံတော် အစုုိးရထံသိုု့လည်း ပေးပိုု့သွားမည် ဖြစ်ကြောင်းပါရှိသည်။
ထုုိဘုံုစာတမ်းကုုိ လက်ခံသော အခြားသော တုုိင်းရင်းသားလက်နက်ကုုိင် တော်လှန်ရေးအဖွဲ့အစည်းများ၊ တုုိင်းရင်းသားနုုိင်ငံရေးပါတီနှင့် သြဇာရှိပုုဂ္ဂိုလ်များကုုိ အမြဲတံခါးဖွင့်ထားကြောင်း ထည့်သွင်းဖော်ပြထားသည်။
ကော်မတီ၏ ရန်ပုံုငွေကုုိ အဖွဲ့အစည်း အသီးသီးတုုိ့က ထည့်ဝင်တာယန်ယူစနစ်ဖြင့် စုုဆောင်းခဲ့သည်ဟုု ပါရှိသည်။
တတိယအကြိမ် ထိပ်သီးအစည်းအဝေးမှ ဖွဲ့စည်းထားသော “နုုိင်ငံရေးဆွေးနွေးမှု ကော်မတီ” တွင် ဥက္ကဌ အဖြစ် UWSP ဥက္ကဌ ဦးပေါက်ယူချန်း တာဝန်ယူကာ ဒုုတိယ ဥက္ကဌ အဖြစ် ကျန်အဖွဲ့အစည်း ၈ ဖွဲ့မှ တစ်ဦးစီ တာဝန်ပေးအပ်ခဲ့ပြီး အတွင်းရေးမှူးကုုိ UWSPမှ တာဝန်ယူကာ ဒုုတိယအတွင်းရေးမှူးများအဖြစ် အဆုုိပါ အဖွဲ့အစည်း ၈ ဖွဲ့မှ တစ်ဦးစီ တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
သုုိ့သော် ယခုု အစည်းအဝေးတွင် တုုိင်းရင်းသား လက်နက်ကုုိင် တော်လှန်ရေး အဖွဲ့အစည်း ရ ဖွဲ့ဖြင့် သာဖွဲ့စည်းခဲ့ရာ KNPP နှင့် MNSPတုုိ့မှ ကုုိယ်စားလှယ်များ တက်ရောက်ခြင်း မရှိတော့သဖြင့် လူဦးရေ မည်မျှဖြင့် ဖွဲ့စည်းထားသည်ကုုိ ထုုတ်ပြန်ချက်တွင် ဖော်ပြခြင်း မရှိပေ။
ထုုိ့ပြင် ယင်းကော်မတီ၏ အောက်တွင် “နုုိင်ငံရေးဆွေးနွေးမှု ကုုိယ်စားလှယ်အဖွဲ့” ကုုိ UWSP မှ ခေါင်းဆောင် ၃ ဦးနှင့် ကျန်အဖွဲ့ အစည်းများမှ ခေါင်းဆောင် ၂ ဦးစီ စုုစုုပေါင်း ၁၉ ဦးဖြင့် ဖွဲ့စည်းရန် ဆုံုးဖြတ်ခဲ့သည်။
စတုုတ္ထအကြိမ် ထိပ်သီးအစည်းအဝေးကုုိ ဝ ဒေသအထူးဒေသ (၂) ပန်ခမ်းမြို့တွင် ဧပြီလ ၁၅ ရက်နှင့် ၁၉ ရက်ထိ ငါးရက်ကြာ ကျင်းပခဲ့ပြီး တုုိင်းရင်းသားလက်နက်ကုုိင် အဖွဲ့အစည်း ရ ဖွဲ့မှ ကုုိယ်စားလှယ် ၂၇ ဦး တက်ရောက်ခဲ့သည်ဟုု သိရသည်။
အဆုုိပါ တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်း ရ ဖွဲ့သည် အစိုုးရ ဖော်ဆောင်နေသော တစ်နုုိင်ငံလုံုး ပစ်ခတ်တုုိက်ခုုိက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)အတုုိင်း ဆက်လက် မဆွေးနွေးတော့ဘဲ စာတမ်းအသစ် တခုု ရေးဆွဲ၍ နုုိင်ငံရေးဆွေးနွေးပွဲသုုိ့ သွားနုုိင်ရန် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
သို့သော် ဧပြီလကုန်ပိုင်းတွင်မူ မြောက်ပိုင်းအဖွဲ့များနှင့် အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်တို့ တွေ့ဆုံရန် ရှိနေသည်။