ကသာတွင် ဖော်ထုတ်နေသော အဆင့်မြင့် လယ်ယာမြေစီမံကိန်း ယခုလကုန်ပြီးမည်

ကသာတွင် ဖော်ထုတ်နေသော အဆင့်မြင့် လယ်ယာမြေစီမံကိန်း ယခုလကုန်ပြီးမည်

မုံရွာ၊ ဧပြီ ၁၉ ။     ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်တွင် အဆင့်မြင့်လယ်ယာမြေစီမံကိန်းတစ်ခုအား ဖော်ထုတ်နေပြီး ဧပြီလကုန်တွင် အပြီးသတ် ဖော်ထုတ်နိုင်မည်ဖြစ်ကြောင်း ကသာမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးညီညီထွန်းက ပြောသည်။

ကသာမြို့နယ် မင်းလယ်ကျေးရွာမှ တောင်သူ ၃၉ ဦး၏ လယ်ယာမြေဧက ၁၀၀ အား အဆင့်မြင့်လယ်ယာမြေစီမံကိန်းအဖြစ် ဖော်ထုတ်နေခြင်းဖြစ်ပြီး ယင်းမြေများတွင် ရေရရှိရေးအတွက်ပါ ဆောင်ရွက်နေခြင်းဖြစ်သည်။

"တောင်သူတွေရဲ့ လယ်ယာမြေတွေကို ဖော်ထုတ်ပေးတာပါ။ လက်တလောတော့ ရ၀ ရာခိုင်နှုန်းလောက် ပြီးသွားပြီ။ အချောသတ်လုပ်ငန်းတွေပဲ ကျန်တော့တယ်။" ဟု ကသာမြို့နယ်တိုင်းဒေသကြီးကိုယ်စားလှယ် ဦးညီညီထွန်းက ပြောသည်။

ယင်းသို့ အဆင့်မြင့်လယ်ယာမြေအဖြစ် ဖော်ထုတ်ပြီးပါက စက်ယန္တရားများဖြင့် ပါဝင်ရောက်ထွန်ယက်နိုင်ပြီး သီးနှံအထွက်တိုးနှုန်း ပိုမိုကောင်းမွန်လာမည်ဟု မျှော်လင့်လျှက်ရှိကြောင်း ၎င်းက ပြောသည်။  

အဆိုပါ အဆင့်မြင့်လယ်ယာမြေစီမံကိန်းအား ၂၀၁၆-၁၇ ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်းဒေသကြီးရန်ပုံငွေ ကျပ်သိန်း ၅၅၀ ဖြင့် ဖော်ထုတ်ခြင်းဖြစ်ကြောင်း သိရသည်။

ကသာမြို့နယ်တွင် စပါးအား အဓိကထားစိုက်ပျိုးကြပြီး ယခုနှစ် မိုးဦးကျချိန်တွင် အဆင့်မြင့်လယ်ယာမြေပေါ်၌ စတင်စိုက်ပျိုးနိုင်ရန်အတွက် တောင်သူများက စိတ်အားထက်သန်လျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly