မန်းရွှေစက်တော်တွင် မိုးဖွဲဖွဲရွာနေပြီး မန်းချောင်းရေ အနည်းငယ်တိုးနေ

မန်းရွှေစက်တော်တွင် မိုးဖွဲဖွဲရွာနေပြီး မန်းချောင်းရေ အနည်းငယ်တိုးနေ

မင်းဘူး/စကုမြို့နယ် မန်‌းစက်‌‌တော်‌ဘုရားတွင် ယနေ့ (ဧပြီ ၁၆ရက်) ည(၉)နာရီခန့်အထိ လေအနည်းငယ်တိုက်ကာ မိုးဖွဲဖွဲရွာသွန်းနေပြီး မန်းချောင်းရေမှာ အနည်းငယ်တိုးနေကြောင်း ဒေသခံများထံမှ သိရသည်။

"ဘုရားမှာ မိုးဖွဲဖွဲရွာနေတယ်။ လေကတော့ အနည်းငယ်တိုက်နေတယ်။ မန်‌း‌ချောင်‌း‌ရေ အနည်‌းငယ်‌သာတိုးပါတယ်‌။ ဒါပေမယ့် လှေတင်တံတားတို့ အောက်စက်တော်ရာ သွားတဲ့တံတားတို့ကတော့ လူဖြတ်သန်း သွားလာလို့ ရနေပါသေးတယ်၊ ဒီမှာ လျှပ်‌စစ်‌မီး‌တော့မရ‌တော့ပါဘူး၊ မီးစက်‌များနဲ့ အလင်‌းရ‌နေပါတယ်‌"ဟု တော်ဝင်နန်းတော် တဲကျောင်းလုပ်ငန်းရှင် ဦးစိန်မောင်ကပြောသည်။

အထည်ဆိုင်အချို့နှင့် နှစ်ပတ်လည်ဖွင့်သည့် စားသောက်ဆိုင်ရှင်များမှာမူ မပြန်ကြသေးဘဲ ဘုရား ဓမ္မာရုံများတွင် နေထိုင်ကြကြောင်း မန်းရွှေစက်တော်တွင် နေလျက်ရှိသော စျေးသည်ကိုငယ်လေးကပြောသည်။

မုန်တိုင်း မာရသာ သတိပေးချက်အရ မန်းရွှေစက်တော်ဘုရားသို့ လာရောက်သည့် ဘုရားဖူးများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် မန်းချောင်းအတွင်းမှ ပြန်လည်ထွက်ခွာရန် မင်းဘူးခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ဧပြီ ၁၆ရက် နံနက်ကတည်းက သတိပေးနှိုးဆော်ထားပြီး ညနေပိုင်းတွင် ဘုရားဖူးခရီးသွားများက ပြန်သွားကြပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly