စက်ဘီးစီးလာသူကို ကားက နောက်မှဝင်ကြိတ်၍ သေဆုံး

စက်ဘီးစီးလာသူကို ကားက နောက်မှဝင်ကြိတ်၍ သေဆုံး
ဓါတ်ပုံ-ဦးမြင့်အောင် မှုခင်းရှုထောင့်ဂျာနယ်

ပဲခူးတိုင်း ပြည်ခရိုင် ရွှေတောင်မြို့နယ်တွင် ဧပြီ၁၃ရက် ညရ နာရီက အာရှ Express ကားက စက်ဘီးတစ်စီးကို နောက်မှဝင်တိုက်၍ စက်ဘီးနင်းလာသူ အမျိုးသားသေဆုံးခဲ့ရသည်။ 

"စက်ဘီးသမား​ရှေ့ကသွားတာ ကားကနောက်ကဝင်တိုက်တာ "ဟု ရွှေတောင်​ရဲစခန်းတာဝန်ကျရဲတပ်ဖွဲ့ဝင်က ဆိုသည်။

​ရွှေ​တောင်မြို့ သရက်တောရပ်ကွက်၊ ဝင်းသူဇာဆိုင်အနီး ပြည်- ရန်ကုန်လမ်းမပေါ်တွင် ပြည်ဘက်မှ ရန်ကုန်သို့သွား
သော အာရှExpress မှ စက်ဘီးစီးနင်းလာသူ အသက်​ ၆၀နှစ်​အရွယ်​ဦးအလက်ဇန်းဒါးအား ဝင်တိုက်ခဲ့ပြီး​နေရာတွင်​ပွဲချင်းပြီး​သေဆုံးခဲ့သည်​။

ယာဉ်တိုက်မှုကြောင့် အာရှ Express မော်တော်ယာဉ်​ယာဉ်မောင်းကို ပ-၂၇/၂၀၁၇ ပြစ်မှုပုဒ်မ ၃၀၄ (က)အရ ရွှေတောင်မြို့မရဲစခန်းတွင်​ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly