ဒေါ့မွန်အသင်းကားပေါက်ကွဲမှုကြောင့် ချန်ပီယံလိဂ်ပွဲရွှေ့ဆိုင်းခဲ့ရ

ဒေါ့မွန်အသင်းကားပေါက်ကွဲမှုကြောင့် ချန်ပီယံလိဂ်ပွဲရွှေ့ဆိုင်းခဲ့ရ
(ဓာတ်ပုံ - အီးပီအေ)

ဧပြီလ ၁၁ ရက်က မိုနာကိုနှင့်ကစားရမည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်မတိုင်မီ တွင် ဒေါ့မွန်အသင်းသားများလိုက်ပါစီးနင်းလာသော ကားအနီး ပေါက်ပွဲမှုဖြစ်ပွားခဲ့သည့်အတွက် ပွဲစဉ်ရွှေ့ဆိုင်းခဲ့ရသည်။

မိုနာကိုနှင့်ကစားရမည့်ပွဲမတိုင်မီ ဟိုတယ်သို့အသွားလမ်းခရီးတွင် ဒေါ့မွန်အသင်းကားအနီး ပေါက်ကွဲမှု သုံးကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းပေါက်ကွဲမှုကြောင့် ဒေါ့မွန်အသင်းမှ စပိန်နောက်ခံလူ ဘာထရာ ခါးအရိုးကျိုးဒဏ်ရာရခဲ့ပြီး ခွဲစိတ်ကုသမှုခံယူရမည်ဖြစ်သည်။

“ကားက အဓိကလမ်းမပေါ်ကိုချိုးလိုက်တဲ့အချိန်မှာ အသံအကျယ်ကြီးကြားပြီး ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့တယ်။ ကျန်တာတွေတော့ ကျွန်တော်တို့လဲသေချာမသိတော့ဘူး”ဟု ဒေါ့မွန်အသင်းမှ ဆွစ်ဇာလန်ဂိုးသမား ရိုမန်ကပြောသည်။

ဒေါ့မွန်နှင့်မိုနာကိုတို့ပွဲစဉ်ကို ဧပြီ ၁၂ (ယနေ့ည) ၁၁း၁၅ အချိန်တွင် ပြန်လည်ကစားမည်ဖြစ်သည်။ ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဂျာမန်ရဲတပ်ဖွဲ့မှစုံစမ်းမှုပြုလုပ်နေကာ တရားဝင်သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly