ရွှေတောင်တွင် ဆီဘောက်ဆာကားနှင့် ဒိုင်နာယာဉ်တိုက်မိ၊ (၁၄)ဦး ဒဏ်ရာရ

ရွှေတောင်တွင် ဆီဘောက်ဆာကားနှင့် ဒိုင်နာယာဉ်တိုက်မိ၊ (၁၄)ဦး ဒဏ်ရာရ
(ဓတ်ပုံ- ခရိုင်မှုခင်း)

ပြည်၊ ဧပြီ ၁၂ ။    ။ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်​တွင်​ ဧပြီ၁၂ ရက်​က ဆီ​ဘောက်​ဆာ ကားနှင်​့ ဒိုင်​နာယာဉ်​တိုက်​ကာ ဒိုင်​နာယာဉ်​​ပေါ်ပါ ခရီးသည်​ ၁၄ ဦး ထိခိုက်​ဒဏ်​ရရခဲ့​သည်​ဟု ​ရွှေ​တောင်​ရဲစခန်​း တာဝန်ရှိသူက ပြောသည်။

"လူ​တွေအကုန်​လုံး​ ယောက်​ယက်​ခတ်​ကုန်​ပြီ။ ​ဆေးရုံ​တွေလည်​း ပို့ရတယ်​"ဟု ​ရွှေ​တောင်​ရဲစခန်​းမှ တပ်​ဖွဲ့ဝင်​တစ်​ဦးက ဆိုသည်​။

ဧပြီ ၁၂ရက်နေ့ နံနက် ၆နာရီ ၄၅မိနစ်အချိန်ခန့်တွင်​ ရှင်ငယ်ရွာနှင့် လှည်းမူးရွာထိပ်၌ ပြည်ဘက်မှ ရန်ကုန်ဘက်သို့ သွားသော ဆီဘောက်ဆာ(၁၂)ဘီးယာဉ်နှင့် ကြို့ပင်ကောက်ဘက်မှ ရွှေတောင်ဘက်သို့ အလှူလာသော ဒိုင်နာယာဉ်တို့ တိုက်မှုဖြစ်ခဲ့ခြင်​းဖြစ်​သည်​။

ဒဏ်​ရာရသူလူနာများကို ​ဒေသခံလူမှုရေးအဖွဲ့များက ရွှေ​တောင်​ဆေးရုံနှင်​့ ပြည်​​ဆေးရုံများသို့ ပို့ဆောင​​်​​ပေးခဲ့သည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly