မကာအိုနှင့်ကစားမည့် အာရှခြေစစ်ပွဲအကြို ပြင်ဆင်မှုအဖြစ် မြန်မာနှင့်စင်ကာပူခြေစမ်းမည်

မကာအိုနှင့်ကစားမည့် အာရှခြေစစ်ပွဲအကြို ပြင်ဆင်မှုအဖြစ် မြန်မာနှင့်စင်ကာပူခြေစမ်းမည်

ဧပြီ ၁၁၊ ရန်ကုန်။                ။ ၂၀၁၉ အာရှဖလားခြေစစ်ပွဲဒုတိယပွဲအဖြစ်ကစားရမည့် မကာအိုအသင်းနှင့်ပွဲမတိုင်မီ အကြိုပြင်ဆင်မှုအဖြစ် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့် စင်ကာပူလက်ရွေးစင်   ဘောလုံးအသင်းတို့ ခြေစမ်းပွဲကစားရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က စီစဉ်ထားသည်။

မြန်မာအသင်းမှာ ဇွန်လ ၁၃ ရက်တွင် မကာအိုအသင်းနှင့်အဝေးကွင်းတွင်သွားရောက်ကစားရမည်ဖြစ်ပြီး ယင်းပွဲမတိုင်မီ ဇွန်လ ၆ ရက်တွင် စင်ကာပူအသင်းနှင့် စင်ကာပူနိုင်ငံ၊ ဂျလန်ဘီဆာကွင်းတွင် ကစားရမည်ဖြစ်သည်။ မကာအိုနဲ့ကစားရမယ့်ပွဲက အဝေးကွင်းပွဲဖြစ်လို့ ကျွန်တော်တို့ စင်ကာပူနဲ့ အဝေးကွင်းမှာကစားဖို့ စီစဉ်ထားတာပါ။ ပွဲမပန်းအောင် စင်ကာပူကို ကြိုသွားပြီးလေ့ကျင့်မှာပါ။ မကာအိုနိုင်ငံကိုလည်း ပွဲကစားမယ့်ရက် မတိုင်ခင် သုံးရက်လောက် ကြိုသွားဖို့ စီစဉ်ထားပါတယ်။ ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်က ပြောသည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းမှာ အာရှဖလားခြေစစ်ပွဲအုပ်စု(က)တွင် ကာဇက်စတန်၊ အိန္ဒိယ၊ မကာအို အသင်းများနှင့်တစ်အုပ်စုတည်းကျရောက်နေပြီး အုပ်စုအဖွင့်ပွဲအဖြစ် အိန္ဒိယအသင်းနှင့် ကစားခဲ့ရာတွင် ရှုံးနိမ့်ခဲ့သည်။ မြန်မာအသင်းမှာ အာရှဖလားခြေစစ်ပွဲ တတိယပွဲအဖြစ် စက်တင်ဘာ ၅ ရက်တွင် ကာဇက်စတန်အသင်းနှင့် အဝေးကွင်းပွဲအဖြစ် ဆက်လက် ကစားရမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly