လူကူးမျဉ်းကျားမှ လမ်းဖြတ်ကူးသူတွေအတွက် အာမခံချက်မရှိဟုဆို

လူကူးမျဉ်းကျားမှ လမ်းဖြတ်ကူးသူတွေအတွက် အာမခံချက်မရှိဟုဆို

ရန်ကုန်၊ ဧပြီ ၁၀ရက် ။                ။ ရန်ကုန်မြို့ပေါ်က လူကူးမျဉ်းကျားများသည် လမ်းဖြတ်ကူးသူတွေအတွက် အာမခံချက် မရှိကြောင်း ၈၈မျိုးဆက် ဦးမင်းကိုနိုင်က မဇ္ဈိမကို ပြောသည်။

လူကူးမျဉ်းကျားများသည် အရောင်မှိန်ပြီး မထင်မရှားဖြစ်နေတဲ့အပြင် ကားများကလည်း ရပ်မပေး၊ လူများကလည်း ကူးချင်သလိုကူးနေသည်ဟု ၎င်းကပြောသည်။ နေ့စဉ်နဲ့အမျှလမ်းပေါ်ထွက်သည်နှင့် ဆဲဆိုကြိမ်းမောင်းခြင်းတွေ မဖြစ်အောင် စည်းကမ်းလိုက်နာနိုင်ဖို့ ကြိုးစားရမည်ဟု ဦးမင်းကိုနိုင်က ဆိုသည်။

"မျဉ်းကျားးက မထင်ရှားဘူးဖြစ်နေတယ်။ ဆိုတော့ ကားသမားဘက်ကလည်း ထင်ထင်ရှားရှား မရှိလို့ ရပ်မပေးဘူးလို့ ပြောနိုင်တယ်။ လူတွေဟာ မိုးလင်းလာရင် ဆဲဆိုကြိမ်းမောင်းနေတဲ့ ဘဝတွေ ဖြစ်နေကြတယ်။ နိုင်ငံတကာ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းမှာ အဲဒီလိုဆဲဆိုကြိမ်းမောင်းတာ မရှိဘူးဗျ။ အဲဒီလို မဆဲကြရအောင် စည်းကမ်းနဲ့ မောင်းကြ ဖြတ်ကူးကြဖို့ လိုတယ်။ ဒီအတိုင်းကူးလည်း ရပါတယ်ကွာဆိုပြီး မတွေးစေချင်ဘူး။ ရပ်မပေးတဲ့ ကားသမားကို လမ်းကူးတဲ့သူက ဆဲနေသလို လမ်းကူးတဲ့သူကိုလည်း ကားသမားကဆဲနေတာပဲ။ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ ဒါတွေမလိုဘူး။" ဟု ဦးမင်းကိုနိုင်က ဝေဖန်လိုက်သည်။

ရန်ကုန်မြို့ပေါ်တွင် လူကူးမျဉ်းကျားမှ လူအုပ်စုလိုက် လမ်းဖြတ်ကူးသည့်တိုင် ကားများက ရပ်မပေးကြောင်း ရန်ကုန်မြို့နေ မအေးမြသူက ပြောသည်။

"ကားတွေက ရပ်မပေးဘူး။ အဇွတ်မောင်းတယ်။ အဲဒီအခါ ကိုယ်တွေက မျည်းကြားက ဖြတ်မကူးဘဲ ဒီလမ်း အတိုင်းဖြတ်ကူးရမလို ဖြစ်တာပေါ့။မျည်းကြားမှာဆို ပိုဆိုးတယ်။ကားတွေက လုံးဝရပ်မပေးဘူး။ အဲဒါကြောင့် ဒီအတိုင်းလမ်းကပဲ ဖြတ်ကူးရတယ်" မအေးမြသူက ပြောသည်။

ယာဉ်အန္တရာယ်ဖြစ်ပွားမှုလျှော့ချနိုင်ရန် အစိုးအနေဖြင့် ယာဉ်စည်ကမ်းနှင့် ပတ်သက်ပြီး စိစိစစ်စစ်လုပ်စေချင်သည်ဟု ဗိုလ်တထောင်မြို့နယ်မှ   ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်   ဒေါ်မြင့်မြင့်စိုးက ပြောသည်။

ရန်ကုန်မြို့ပေါ်တွင်၂၀၁၀ ခုနှစ်အတွင်း ယာဉ်မတော်တဆမှု ၁ ရက်ကို အမှု ၂၀ နှင့် ၂၀၁၆ ခုနှစ်အတွင်း ၁ ရက်ကို ၄၇ မှုဖြစ်ပွားခဲ့ပြီး၊ ယာဉ်မတော်တဆမှုကြောင့် နေ့စဉ် လူ ၁၄ ဦး ဝန်းကျင်  

သေဆုံးနေသည်ဟု ယဉ်စည်းကမ်းထိမ်းသိမ်းရေးမှတ်တမ်းများအရသိရသည််။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly