ပြင်သစ်ရှိ ဂရန်ဒီစင်သီ ရွှေ့ပြောင်းနေထိုင်သူများ စခန်း၌ မီးအကြီးအကျယ်လောင်ကျွမ်း

ပြင်သစ်ရှိ ဂရန်ဒီစင်သီ ရွှေ့ပြောင်းနေထိုင်သူများ စခန်း၌ မီးအကြီးအကျယ်လောင်ကျွမ်း

ဧပြီ ၁၁ ။        ။ ပြင်သစ်နိုင်ငံမြောက်ပိုင်း ဒန်ခါ့ခ်မြို့အပြင်ဘက်ရှိ ဂရန်ဒီစင်သီ ရွှေ့ပြောင်းနေထိုင်သူများ စခန်းတွင် ပြီးခဲ့သော တနင်္လာနေ့အနှောင်းပိုင်းက မီးအကြီးအကျယ် လောင်ကျွမ်းခဲ့ပြီး စခန်းအား   ပြာပုံကြီး ဖြစ်စေခဲ့ကြောင်း ဒေသတွင်းရှိ အကြီးအကဲများက ပြောခဲ့သည်။

စခန်းအတွင်းရှိ ပူးကပ်နေသော တဲအိမ်လေးများထဲတွင် နေထိုင်သူပေါင်း ၁၅၀၀ ခန့်ရှိပြီး မီးလောင်ကျွမ်းမှု အတွင်း ဒဏ်ရာရရှိခဲ့သူ အနည်းဆုံး ဆယ်ဦးခန့်ရှိကြောင်း မီးသတ်သမားများက ပြောခဲ့ပြီး မီးကို ဆက်လက် ငြိမ်းသတ်နိုင်အောင် ကြိုးပမ်းလျက်ရှိနေသည်။

“ပြာပုံကြီးကလွဲလို့ ဘာမှမကျန်တော့ပါဘူး” ဟု ပြင်သစ်ရှိ နော့ဒ်ခရိုင်အတွင်းမှ မစ်ရှယ်လာလန်ဒီက အခင်းဖြစ်ပွားရာနေရာရှိ သတင်းထောက်များအား ပြောခဲ့သည်။

“တဲအိမ်လေးတွေကို နဂိုရှိထားပြီးသား နေရာတွေမှာ ပြန်လည်ဆောက်သွားဖို့ မဖြစ်နိုင်တော့ပါဘူး” ဟု လာလန်ဒီက ဆက်ပြောခဲ့သည်။

လူ ၆ ဦးအား ဓားဒဏ်ရာရရှိစေခဲ့သော စခန်းအတွင်းရှိ အာဖဂန်နှင့် ကာ့ဒ်လူမျိုးများကြား ခိုက်ရန်ဖြစ်ပွားမှုအပြီး တနင်္လာနေ့ နေ့လည်ပိုင်းတွင် မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း လာလန်ဒီက   ပြောခဲ့သည်။

မီးလောင်ကျွမ်းမှုကြောင့် စခန်းအတွင်းမှ မီးခိုးလုံးကြီးများ ညဘက်ကောင်းကင်ယံသို့ အလိပ်လိုက်တက်လာခဲ့ ပြီး မီးရောင်ကို ကီလိုမီတာ အဝေးကြီးကပင် မြင်တွေ့ရကြောင်း သိရသည်။

စခန်းအတွင်း၌ မကြာခဏဆိုသလို ခိုက်ရန်ဖြစ်ပွားမှုများကြောင့် လုံခြံုရေးတပ်ဖွဲ့များသည် စခန်းအား ဖြိုဖျက် တော့မည်ဖြစ်ကြောင်း ပြီးခဲ့သော မတ်လ အလယ်လောက်တွင် ပြင်သစ်အာဏာပိုင်များက ပြောခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags